Part 5

1.8K 194 4
                                    

Zawgyi :

ခရီးပန်းလာတာကြောင့် ခဏလောက်အနားယူပြီးနိုးလာချိန်
အပြင်ကနေကြားလိုက်ရသည့် ရယ်သံလေးများကြောင့် သိချင်တဲ့စိတ်နဲ့ အပြင်ကိုထွက်ကြည့်မိသည်။

"Kuma Kuma KuKuma အမလေးအမလေး ချစ်ဖို့ကောင်းလိုက်တဲ့ Kuma လေး"

"၀ုတ် "

" လန့်တာ အာ မမဂျီဆူ dalgom ကိုခေါ်ထားစမ်းပါ လီလီ့ကိုကိုက်တော့မှာလားတောင်မသိဘူး လန့်တောင်လန့်တယ် "

"တစ်မိုးအောက်က လီဆာကြီးက dalgom လေးဟောင်တာကိုကြောက်လို့တဲ့ "

" ကြောက်လို့မဟုတ်ပါဘူးနော် လန့်လို့ပြောတာကို မမကသာအပင်တွေကို သတ်နေတာလားစိုက်နေတာလားမသိအောင်ပဲ မမဂျဲန်နီလိုညင်ညင်သာသာမရှိဘူး ဒါလားမိန်းကလေး"

"အမလေး အမလေး သူကျတော့မိန်းကလေးဆိုပြီး တစ်ချိန်လုံးဓားကိုင် နေတဲ့သူက"

အဆောင်တော်ရှေ့က မြက်ခင်းပြင်မှာ ထိုင်ပြီး အညိုရောင်ခွေးပေါက်လေးကိုပေါင်ပေါ်တင်ထားသည့် လီဆာနှင့် လီဆာဘေးမှာ အဖြူရောင်ခွေးကလေးက ငုတ်တုတ်လေးထိုင်နေသည်။

ခပ်လှမ်းလှမ်းမှာတော့ ပန်းပင်လေးများ ကိုမြေကြီးဆွပေးနေသည့် အစ်မနှစ်ယောက်နှင့် ဒီညီအစ်မတွေရဲ့ ဆက်ဆံရေးလေးက သဘောကျဖို့ကောင်းတာကြောင့် အနားမသွားပဲအဝေးကရပ်ကြည့်နေမိသည်။

ခွေးဖြူလေးကိုကြည့်ရတာ လီဆာနဲ့မတည့်သလိုမျို လီဆာကိုကြည့်ပြီးဟောင်လိုက်တဲ့ အချိန်မှာ လန့်သွားတဲ့လီဆာ့ပုံလေးက ကလေးတစ်ယောက်သဖွယ်ဖြစ်သည်။

သူ့ကိုယ်သူသုံးနှုန်းလိုက်သည့် လီလီ ဆိုသည့် အသုံးလေးကိုကြားတော့ လီဆာနဲ့ လိုက်ဖက်လွန်းလှသည်ဟုထင်မိသည်။

အဝေးကကြည့်လျှင် လီလီဆိုသည့် ချစ်စဖွယ် အမည်နှင့် ဤသို့ ချစ်စဖွယ် အပြုအမူလေးများရှိသည့် မိန်းကလေးက အတော်ဆုံးစစ်သည်ဆိုတာကို ဘယ်သူယုံနိုင်ပါမည်လဲ။

"မမရော လီလီရောတော်တော့ အသံကိုလျှော့တော်ကြာ မင်းသမီးလေး နိုးသွားဦးမယ်"

"အာ ဟုတ်သားပဲ"

"လီလီ"

" ရှင် "

The softness of snow Where stories live. Discover now