Part 13

2K 199 17
                                    

Zawgyi :

"ဘာလို့ဒီလောက်ဒေါသတကြီးတိုက်ခိုက်နေရတာပါလဲ မင်းသမီး "

ညီလာခံမှပြန်လာချိန်ထဲက စကားတစ်ခွန်းမှမပြောပါပဲ မျက်နှာတည်နဲ့ဓားရေးလေ့ကျင့်ဖို့ပြောလာသည့် မင်းသမီးလေးက ဓားရေးကျင့်နေချိန် အတော်ကြာသည့်တိုင် တစ်ချက်မှမပြုံးပါပဲ ဆက်တိုက်တိုက်ခိုက်နေသည်။

တစ်ချက်တစ်ချက်မှာမင်းသမီးလေးရဲ့ ဓားချက်တို့ မတည်ငြိမ်သည်ကိုခံစားမိတာကြောင့် တစ်ခုခုကိုတွေးတွေးပြီး ဒေါသဖြစ်နေသည်ကိုခံစားမိသည်။

ထိုတစ်ခုခုကိုလဲ လီဆာသာကောင်းကောင်းသိတာမို့
စိတ်ထဲမကောင်းလှပါ။

မနက်ညီလာခံမှာ အမတ်ချုပ်က ဟယ်လင်နဲ့ ချင်နိုင်ငံရဲ့ နယ်စပ်ပြဿနာကိုတင်ပြပြီး ချင်နိုင်ငံဘက်က စစ်ခေါ်စာကို လက်ခံစစ်ချီသင့်ကြောင်းပြောလာသည်။

မင်းကြီးမှာလဲ အမတ်အင်အားက သာနေတာမို့ငြင်းဆန်ဖို့ရာ မစွမ်းသာခဲ့ရတာကြောင့် တွေဝေနေစဉ် အမတ်ချုပ်က အရင်စစ်ပွဲမှာ မင်းသားငယ်ကျဆုံးခဲ့ရပုံကို ပြန်လည်တူးဆွရင်း အိမ်ရှေ့စံမင်းသမီးကို ခနဲ့တဲ့တဲ့ပြောဆိုလာသဖြင့် သေနာပတိအာဏာနှင့် ဤစစ်ပွဲကို ဦးဆောင်ရန်လီလီက လျှောက်လိုက်သည်။

စစ်ပွဲကို မလိုလားနေသည့် မင်းသမီးရဲ့ မျက်နှာကိုတစ်ချက်မကြည့်သလို ဤစစ်ပွဲကိုတားဆီးရန် ကြိုးစားနေသည့် မင်းသမီးရဲ့ ဆန္ဒကိုမျက်ကွယ်ပြုပြီး စစ်ပွဲကိုဦးဆောင်မည်ဆိုသည့် ဆုံးဖြတ်ချက်ကိုချခဲ့ခြင်းကြောင့် အလွန်အမင်းကိုစိတ်ဆိုးမိရသည်။

"မင်းသမီး "

တစ်အားလွှဲခုတ်လာသည့် မင်းသမီးလေးရဲ့ ဓားချက်ကို ကိုယ်တစ်ပတ်လှည့်ကာရှောင်လိုက်သည်မို့ တစ်ဖက်မှ ပြန်လည်တိုက်စစ်ဆင်သလိုဖြစ်သွားသည့်အခါ ဓားကိုလွှတ်ချပြီး မျက်လုံးမှိတ်ကာရပ်နေသည့် မင်းသမီးလေးက ဓားချက်ကိုမရှောင်ခဲ့ပါ။

မင်းသမီးလေးရဲ့ ဖြူနုနုလည်တိုင်လေးဆီဓားမရောက်ခင် ဓားကိုရုတ်သိမ်းကာလွှင့်ပစ်စေဖို့ လက်ကိုအမြန်အလုပ်ပေးရသည်

The softness of snow Where stories live. Discover now