Part 8

1.8K 191 13
                                        

Zawgyi :

နေရောင်ခြည်နွေးနွေးလေးဖြာကျနေသည့် နန်းတော်ကြီးထဲ ကြီးမားကျယ်ပြန့်လှပါသည်ဆိုသည့် နန်းရင်ပြင်ကြီးရဲ့အလယ်မှာအနီရောင်ပိုးကတ္တီပါကော်ဇောကြီးကိုချခင်းထားသည်။

တစ်ဖက် တစ်ချက် ဆီမှာလဲ နန်းတွင်းမှာရှိသည့် အမတ်မင်းကအစ စစ်သူကြီးပါမကျန် အစီအရီရောက်ရှိနေကြပြီး ကော်ဇောနီရဲ့အဆုံး စင်မြင့်တစ်ခုပေါ်မှာ နိုင်ငံ၏ မင်းကြီး မိဖုရားကြီး က အတူထိုင်နေပြီး အနားမှာ လွတ်နေသည့် ခုံတစ်ခုံရှိသည်။

"အိမ်ရှေ့စံမင်းသမီးကြွချီလာပါပြီ"

သေနာပတိရဲ့စကားသံအဆုံးတွင် အနီရောင်ကတ္တီပါကောဇောအလယ်မှာ တည်ကြည်သောမျက်နှာထား ရဲဝံ့သောမျက်ဝန်းအစုံနဲ့ တစ်လှမ်းခြင်းဝင်ရောက်လာသည့် မင်းသမီးလေးက နဂါးပုံပါသည့် အနီရောင်ဝတ်ရုံကိုဝတ်ဆင်ထားပြီး ရွှေစလွယ် ရွှေသရဖူတို့နှင့် တင့်တယ် လိုက်ဖက်လွန်းလှနေသည်။

ကော်ဇောနီကိုဖြတ်သန်းဖို့ တုန်လှုပ်နေခဲ့ပေမဲ့ ကော်ဇောနီရဲ့အဆုံး ကိုကြည့်မိသည်။

အရောက်သွားရမဲ့ နေရာရဲ့အနောက်မှာ ယုံကြည့်မှုများနဲ့ ကြည့်နေသည့် မျက်ဝန်းတစ်စုံကိုတွေ့လိုက်ရသည်။

ထိုစူးရှတောက်ပသည့် မျက်ဝန်းပိုင်ရှင်ရဲ့ တည်ကြည်လှသည့် မျက်နှာထားသည် ဘာကြောင့်ရယ်မသိပေမဲ့ ခြေလှမ်းတို့ အတွက် အားအင်ဖြစ်စေခဲ့သည်။

မင်းသမီးလေးရဲ့ခြေလှမ်းတွေအဆုံးမှာ
မင်းကြီးကိုယ်တိုင်က မင်းသမီးရဲ့ သရဖူကိုဖယ်ရှားပြီး ကျောက်မြတ်တို့ စီချယ်ထားသည့် သရဖူအသစ် တစ်ခုကို ချီးမြင့်လိုက်သည်။

"ဒီနိုင်ငံ ဟယ်လင်ရဲ့ တစ်ဦးတည်းသော တော်ဝင်သွေးသား ကိုယ်တော်ရဲ့ အမွေဆက်ခံသူ တစ်ချိန်မှာ ဒီနိုင်ငံရဲ့ဘုရင်မဖြစ်လာမဲ့ အိမ်ရှေ့စံမင်းသမီးပတ်ချယ်ယောင်းကို တော်ဝင်တံဆိပ်တော်ချီးမြှင့်လိုက်ပါတယ် "

"ကျေးဇူးကြီးမြတ်လှပါတယ် မင်းကြီး"

မင်းသမီးလေးကသူမရှေ့ရောက်လာသည့် အိမ်ရှေ့စံမင်းသမီးရဲ့ တော်ဝင်ဓားဖြစ်သည့် ဆင်စွယ်ရောင်နဂါးရုပ်ပါသည့် ဓားကို ဆွဲထုတ်ကာ ကိုင်မြှောက်လိုက်သည်။

The softness of snow Tempat di mana cerita hidup. Terokai sekarang