Part 11

2K 220 18
                                    

Zawgyi :

ပြိုင်ပွဲပြီးဆုံးသွားချိန် ချစ်ရသည့်မင်းသမီးလေးထံအရင်သွားချင်ပါသော်လဲ တိုက်ခိုက်ထားရတာကြောင့် လူသန်ကြီး ခါးကသွေးတို့ပေနေသည့် အ၀တ်နှင့် ဒီအတိုင်းသွားရန် မသင့်တာမို့ သေနာပတိအဆောင်တော်ကိုပြန်၍ ရေသန့်စင်ကာ အ၀တ်အစားအသစ်လဲပြီးမှ မင်းသမီးလေးရှိရာ အမြန်သွားရသည်။

"မင်းသမီး လီဆာရောက်ပါပြီ "

"၀င်ခဲ့ပါ"

အဆောင်ထဲကိုဝင်ဝင်ခြင်း ထိုင်နေရမှ မတ်တပ်ထရပ်လာသည့် မင်းသမီးလေးက လီဆာ့ ရှေ့ကိုလျှောက်လာသည်။

" ညနေစောင်း မြင်းစီးထွက်ချင်တာမို့ လိုက်ပို့ပေးပါ လီဆာ"

တည်တည်ငြိမ်ငြိမ်နှင့် မြင်းစီးထွက်ရန်ပြောကာ အရင်ထွက်သွားသည့် မင်းသမီးလေးရဲ့နောက်ကျောကို ကြည့်ရင်း တစ်ခုခု မူမမှန်နေသည်ကိုခံစားမိလိုက်သည်။

မင်းသမီးလေးနောက်က အမှီလိုက်ရင်း မြင်းဇောင်းကိုရောက်ရှိလာကြသည်။

"အိမ်ရှေ့စံမင်းသမီးနဲ့ သေနာပတိကို ဂါရ၀ပြုပါတယ် "

"မင်းသမီးမြင်းစီးချင်တာကြောင့်
မင်းသမီးရဲ့မြင်းနဲ့ ကျွန်မရဲ့မြင်းကိုထုတ်လာပေးပါ"

"ဟုတ်ကဲ့ သေနာပတိ"

စိတ်မပြေသေးတာကြောင့် စကားတစ်ခွန်းမှမပြောသည့် မင်းသမီးလေးအား လီလီက တစ်ချိန်လုံးငေးကြည့်နေသည်။

ဤသည်ကို မျက်လုံးထောင့်မှမြင်နေရသည့် မင်းသမီးလေးက အကြည့်ချင်းသွားမဆုံမိအောင် ကြိုးစားရင်း မြင်းထိန်းပြန်လာရန်ကိုသာ ဆန္ဒပြုနေမိရသည်။

စကားမပြောပါပဲ မျက်နှာလွှဲနေသည့် မင်းသမီးလေးရဲ့ အပြုအမူကြောင့် တစ်ခုခုဖြစ်နေတယ်ဆိုတာ လုံးဝသေချာခဲ့ပြီ။

ဘာကြောင့်မှန်းမသိရသေးတာကြောင့် မြတ်နိုးရသည့် မင်းသမီးလေးကိုသာ ငေးကြည့်ပြီးရင်း ငေးကြည့်နေမိသည်။

သိပ်မကြာလိုက်သည့်အချိန်မှာ ခပ်မြင့်မြင့်နှင့်ထွားကျိုင်းသည့် အညိုရောင်မြင်းတစ်ကောင်ကိုဆွဲကာ မြင်းထိန်းက ထွက်လာခဲ့သည်။

The softness of snow Where stories live. Discover now