Zawgyi :
သာယာလှပသည့် ဟယ်လင်တိုင်းပြည်ကြီးအတွင်း ခမ်းနားထည်ဝါလှသည့် နန်းတော်ကြီးရဲ့ စစ်ရေးလေ့ကျင့်ကွင်းတစ်ခုမှာ လူငယ်နှစ်ဦးက အပြန်ပြန်အလှနှ်လှန် ထိုးစစ်ဆင်နေကြသည်။
"မင်းသားရဲ့ လက်ရည်က ဒီအတောအတွင်း အများကြီးတိုးတတ်လာပါတယ်"
"အဟင်း မင်းရဲ့ လည်ပင်းပေါ်ကိုကျိန်းသေဓားတင်မှာမလို့ပါ"
မင်းသားရဲ့ဓားချက်ကို ကိုယ်ကိုယိမ်းကာရှောင်လိုက်ပြီး ဓားကိုင်ထားသည့် မင်းသားရဲ့ လက်ကောက်ဝတ်ကိုဖြတ်ကန်လိုက်တာမလို့ လွင့်ထွက်သွားတဲ့ ဓားကို မင်းသား အာရုံရနေတဲ့ တဒင်္ဂမှာ ဒူးကိုကန်လိုက်သည်။
ဒူးထောက်လျက်သားဖြစ်သွားသည့် မင်းသားရဲ့ လည်ပင်းပေါ်ကို ၀င်းလက်အိစက်နေတဲ့ဓားက ချက်ချင်းဆိုသလိုရောက်လာ၏။
"တော်တယ် လီဆာ တကယ့်ကိုဘယ်သူမှလိုက်မမှီတဲ့ အရည်အသွေးတွေပါပဲ "
"အိမ်ရှေ့စံကိုဂါရ၀ပြုပါတယ်"
အိမ်ရှေ့စံကိုမြင်မှ မင်းသားငယ်လဲ ဒူးထောက်ရက်သားကနေအမြန်ထသည်။
"အစ်ကိုတော် ဘယ်တုန်းထဲကရောက်နေတာလဲ"
"သိပ်မကြာသေးပါဘူး အစ်ကိုတော်လဲ ဓားရေးလေ့ကျင့်ချင်တာနဲ့ထွက်လာရင်း ညီတော်တို့ကိုတွေ့တာ ဒါနဲ့ ညီတော် အခုအချိန်အထိ လီဆာကို မနိုင်သေးပါလား"
"စိုးရွံ့မိပါတယ် လီဆာရဲ့ဓားရေးက စက္ကန့်နဲ့အမျှတိုးတတ်လာသလိုပါပဲ အစ်ကိုတော်"
"တကယ်ပဲလား ဒါဆို ကိုယ်တော်လဲ စမ်းကြည့်သင့်တာပေါ့ ဒါဆိုရင် ဒါဟာကိုယ်တော်နဲ့ လီဆာရဲ့ပထမဆုံး ဓားရေးယှဉ်ပြိုင်ခြင်းမဟုတ်ပါလား"
" ဟုတ်ကဲ့ အိမ်ရှေ့မင်းသား မင်းသားငယ်နဲ့သာ အတူတူလေ့ကျင့်တာတွေဓားရေးပြိုင်တာတွေများခဲ့တာပါ အိမ်ရှေ့စံမင်းသားနဲ့ ပထမဆုံးယှဉ်ပြိုင်ခြင်းပါ"
"ကောင်းပြီ ကိုယ်တော်စည်းမျဉ်းတစ်ခု သတ်မှတ်လို့ရမလား လီဆာ"
"မိန့်ကြားပါ"
" တစ်စုံတစ်ယောက်ရဲ့ဓားမှာ ပြိုင်ဘက်ရဲ့ သွေးစွန်းရမှ အနိုင်အရှုံးယူပြီး ဒီပွဲကိုရပ်နားရမယ်"
![](https://img.wattpad.com/cover/248249451-288-k666918.jpg)
YOU ARE READING
The softness of snow
RomanceUni "ထပ်ကာ ထပ်ကာ "ဆိုတဲ့ စကားလုံးလေးရဲ့ နောက်မှာ "မြတ်နိုးမိခြင်း" ဆိုတဲ့ စကားလုံးလေးထဲ့လိုက်ရင် ဘာကိုရည်ညွှန်းလဲ သိလား ကိုယ်မင်းကိုချစ်တဲ့အချစ်တွေကိုတိတိကျကျရည်ညွှန်းတယ် ယောင်း👸 မြင့်မြတ်ခြင်းတွေနဲ့မွေးဖွားလာတဲ့ သူတို့နှစ်ဦး တာဝန်တွေကိုကျေပွန်အော...