Zawgyi :
"မြှားကို မျက်လုံးနဲ့ အရမ်းကပ်မထားပါနဲ့ မင်းသမီး"
စကားသံဆုံးတော့ မင်းသမီးက မြှားကိုရုတ်သိမ်းကာ နောက်လှည့်ကြည့်လာသည်။
တစ်ခုခုကိုအလိုမကျတော့သည့်အတိုင်း နှုတ်ခမ်းတို့ကိုအနည်းငယ်ဆူကာကြည့်လာသည့် မင်းသမီးမှာ အသဲယားဖွယ်ဖြစ်သည်။
" ပစ်မှတ်ကိုတည့်တည့်ချိန်ပါလဲပြောသေးတယ် မျက်လုံးနဲ့ကပ်မထားနဲ့ဆိုတော့ ဘယ်လိုချိန်ရပါ့မလဲ သေနာပတိကြီးရဲ့"
စကားမှာ ရယ်စရာပါသွားသည့်အလား လီလီဟာ အမြင်ကတ်စရာကောင်းလောက်အောင် တစ်ချက်ရယ်လိုက်ရင်း ခြေလှမ်းတို့ကို ရှေ့တိုးလာခဲ့သည်။
အနားကိုဘေးတိုက်လာရပ်ပြီး မြှားအိမ်ကိုင်ထားသည့် လက်ပေါ်ကို ထပ်ကာကိုင်လာရင်း
မြှားတံလေးတင်ကာချိန်ထားသောလက်ကိုလဲ ကျန်လက်တစ်ဖက်နဲ့ ကိုင်ကာ မျက်ဝန်းများက ပစ်မှတ်ကိုသာစူးစိုက်ကြည့်နေသည့် ဤကိုယ်ရံတော်ကို သူ့ရင်ခွင်ထဲကနေ မော့ကြည့်နေမိသည်။" ဒီလိုချိန်ရပါမယ်မင်းသမီး စစ်ရေးမှာသုံးတဲ့လက်နက်ဆိုတာ လူကိုကာကွယ်သလို လူကိုဒုက္ခပေးတတ်တဲ့အရာမလို့ သူ့ကိုအကြွင်းမဲ့မယုံလိုက်ပါနဲ့ ဒီလိုမျိုး မြှားတံကို လက်မောင်းနဲ့တစ်တန်းထဲမှာထားပြီး ပစ်မှတ်ရဲ့ အကွာအဝေးကို ခံစားချက်နဲ့မှန်းဆရပါမယ် လေစုန်လေဆန်ကိုခံစားကြည့်ပြီး အတတ်နိုင်ဆုံးမြှားတံကို တည်ငြိမ်အောင်ထားနိုင်ပြီဆိုမှ "
ပစ်လွှတ်လိုက်သည့် မြှားတံက ပစ်မှတ်အလယ်တည့်တည့်ကိုထိသွားတာကြောင့် ပြုံးမိလိုက်ရင်း မင်းသမီးလေးကိုကြည့်မိချိန် နူးညံ့သည့် မျက်ဝန်းကလေးနှင့်ထပ်မံဆုံဆည်းရပြန်သည်။
ဤမျက်ဝန်းနက်များနဲ့ဆုံတွေ့တိုင်းမှာ
အချိန်တွေဟာ ရပ်တန့်သွားသလို လေပြည်လေးတွေ တိုက်ခတ်လာသလို ပန်းပွင့်လေးတွေ ပွင့်လာသလို
လိပ်ပြာလေးတွေပျံဝဲနေသလို ရင်ဘတ်ကြီးပဲပေါက်ထွက်တော့မလို နှင့် ခံစားချက်ပေါင်းစုံကိုခံစားရပါသည်။စကားပြောချိန်မှာ လှုပ်ရှားနေတတ်သည့် နှုတ်ခမ်းကလေးက ကွေးသွားသည့်တိုင်အောင် ပြုံးလာသည့် ဒီအပြုံးမှာ ပျော်ဝင်သွားချင်လောက်သည် အထိနွေးထွေးမှုကိုခံစားရပေမဲ့ အပြုံးနောက်က ကပ်ပါလာသည့် စူးရှရှမျက်ဝန်းများကတော့ ကြာကြာရင်မဆိုင်ရဲစရာဖြစ်သည်။

YOU ARE READING
The softness of snow
RomanceUni "ထပ်ကာ ထပ်ကာ "ဆိုတဲ့ စကားလုံးလေးရဲ့ နောက်မှာ "မြတ်နိုးမိခြင်း" ဆိုတဲ့ စကားလုံးလေးထဲ့လိုက်ရင် ဘာကိုရည်ညွှန်းလဲ သိလား ကိုယ်မင်းကိုချစ်တဲ့အချစ်တွေကိုတိတိကျကျရည်ညွှန်းတယ် ယောင်း👸 မြင့်မြတ်ခြင်းတွေနဲ့မွေးဖွားလာတဲ့ သူတို့နှစ်ဦး တာဝန်တွေကိုကျေပွန်အော...