Part 10

2K 212 23
                                    

Zawgyi :

နန်းတော်ရဲ့ ပင်မလေ့ကျင့်ရေးကွင်းကြီးထဲမှာ နန်းတွင်းအမှုထမ်းများ ခြေချင်းလိမ်မတတ် အလုပ်ရှုပ်နေကြသည်။

အဘယ်ကြောင့်ဆို ယနေ့ဟာ ဟယ်လင်ရဲ့ အကြီးမားဆုံး စစ်ရေးပြိုင်ပွဲကြီးကျင်းပမည့်နေ့ ဖြစ်နေတာကြောင့်ဖြစ်သည်။

" ဒီပြိုင်ပွဲဟာ ကိုယ်ရံတော်တပ်ဖွဲ့ရဲ့ သိက္ခာ မင်းသမီးရဲ့သိက္ခာနဲ့ သက်ဆိုင်နေတယ် ကိုယ်ရံတော်တပ်ဖွဲ့ကိုယုံကြည်လို့ မင်းသမီးကဒီပြိုင်ပွဲမှာ ပါဝင်စေခဲ့တာ ဒါကြောင့် ကိုယ်ရံတော်တပ်ဖွဲ့ကလဲ သမာသမတ်ကျကျနဲ့ အကောင်းဆုံးယှဉ်ပြိုင်ရမယ် နားလည်လား"

"နားလည်ပါပြီ "

"ပြိုင်ပွဲထဲရောက်ရင် မင်းတို့မှတ်ထားရမှာက စည်းမျဉ်းက စည်းမျဉ်းပဲ ဒါကြောင့် ပြိုင်ပွဲစည်းမျဉ်းကိုပဲ လိုက်နာပါ"

"ဟုတ်ကဲ့ မှတ်သားထားပါ့မယ် သေနာပတိ "

"ဒီလောက်ပဲ သွားလေ့ကျင့်နိုင်ပြီ"

"ဟုတ်ကဲ့ "

သေနာပတိကို အားလုံးက တညီတညွတ်ထဲ အရိုအသေပေးပြီး ကိုယ်ပိုင်လေ့ကျင့်ရေးကွင်းထဲမှ ထွက်ခွာသွားကြသည်။

"လီဆာ "

တပ်သားများကို မှာကြားစရာရှိတာမှာကြားပြီးသည့်နောက် နောက်ကနေခေါ်သံကြားမိတော့ ပြုံးမိလျက်သားဖြစ်ရသည်။

အနောက်ကိုလှည့်ကာကြည့်တော့ ခေါ်သည့်သူက ထင်ထားသည့်အတိုင်း နှလုံးသားထဲမှ မြတ်နိုးရသည့် မင်းသမီးငယ်ပဲဖြစ်သည်။

"မင်းသမီးကို ဂါရ၀ပြုပါတယ် "

"မောင်မင်းတို့ ဒီမှာနေခဲ့ကြ "

နောက်မှာပါလာသည့် အထိန်းတော်မူအပါအ၀င် ကျန်သည့် နန်းတွင်းသူများကို အမိန့်ပေးကာထားခဲ့ပြီး ရှေ့ကနေဦးဆောင်သွားသည့် မင်းသမီးလေးနောက်ကို အလိုက်တသိလိုက်သွားလိုက်သည်။

ရောက်ကတည်းက တစ်ချက်ကလေးမှ ပြုံးသည့် အရိပ်ယောင်မတွေ့ရသေးတော့ မင်းသမီးလေးရဲ့ စိတ်ထဲမှာ တစ်ခုခုကိုစိုးရိမ်ကြောင့်ကြနေသည် ဆိုတာ သိသာနေသလို တစ်ဆက်ထဲမှာပဲ ဘာကိုစိုးရိမ်နေသည်ဆိုတာ လီဆာသိလိုက်သည်။

The softness of snow Where stories live. Discover now