Part 4

1.7K 198 7
                                    

Zawgyi :

"အိမ်ရှေ့စံနဲ့ စစ်ပြန်ခေါင်းဆောင်များ ညီလာခံသို့ဝင်စေ"

ညီလာခံသို့ ၀င်ရောက်လာသောအိမ်ရှေ့မင်းသားနဲ့ ခေါင်းဆောင်များထဲမှာ ပါမလာတော့သည့် မင်းသားငယ်ကို ရှာဖွေနေသည်။

နိုင်ငံ့မိခင်တစ်ဖြင့်လဲမိဖုရားခေါင်ကြီးက သားတော်လေးကျဆုံးသွားပြီဆိုတာကိုရှေ့ပြေးသတင်း ပေးကြောင့်သိပြီးဖြစ်သော်လဲ ကိုယ်တိုင်မျက်စိနဲ့မြင်မှယုံမယ်ဆိုပြီးတင်းခံလာသည့် စိတ်နဲ့ညီလာခံတတ်ရောက်ခဲ့ခြင်းဖြစ်သည်။

"သားတော်တို့ဟယ်လင်ကိုထိပါးဖို့ကြံရွယ်တဲ့ ရန်သူတွေကိုအောင်နိုင်ခြင်းနဲ့ ပြန်လာခဲ့ပါပြီ အရှင်မင်းကြီး ကျဆုံးသွားတဲ့ ရဲမက် မများပေမဲ့ ဒီနိုင်ငံရဲ့ ရင်သွေး ညီတော် မင်းသားငယ်လဲ ဟယ်လင်ကိုအသက်ပေးပြီး ကာကွယ်သွားပါတယ်"

မင်းသားရဲ့လျှောက်တင်သံအဆုံးမှာ မျက်လုံးအစုံကိုမှိတ်ချလိုက်သည့် မင်းကြီး ထိုင်ခုံနောက်ကိုမှီကျသွားသည့် မိဖုရားကြီးနှင့် ဒူးထောက်ခစားနေသည့် အိမ်ရှေ့စံအပါအ၀င် စစ်သည်တော်တို့ မှာလဲ ခေါင်းကိုငုံ့ထားကာ စစ်သည်တော်တို့ရဲ့မျက်ရည်ကိုဖုံးကွယ်ထားကြသည်။

"အမတ်ကြီး "

" ဟုတ်ကဲ့ "

"ချင်နိုင်ငံကိုသ၀ဏ်လွှာပို့ပါအညံ့ခံမည်လား စစ်လျော်ကြေးပေးမည်လားဆိုတာကို သေသေချာချာပို့ပါ ၀ူနိုင်ငံကိုသိမ်းပိုက်ပြီးပြီမို့ သိပ်မကြာခင် ကိုယ်တော်ကိုယ်တိုင် ဘုရင်ခံတစ်ယောက်ခန့်အပ်မယ်"

"ကျွန်တော်မျိုးစီစဉ်လိုက်ပါ့မယ်အရှင်မင်းကြီး"

"ကောင်းပြီ အောင်နိုင်လာတဲ့ စစ်သည်တော်တွေကို ဒီည ပွဲတော်မှာ ဆုချီးမြင့်မယ် ကျဆုံးသွားတဲ့ မင်းသားငယ်နဲ့ ရဲမက်စစ်သည်တော်တွေကို လွမ်းဆွတ်သတိရခြင်းနဲ့ ဆုတောင်းပွဲတော်၃ရက်တိတိကျင်းပရမယ် တစ်နိုင်ငံလုံး အဖြူရောင်သာဝတ်ဆင်ရမယ် "

"အမိန့်တော်အတိုင်းပါမင်းကြီး"
____

"ဟယ်လင်တိုင်းပြည်ကြီးကို အသက်နဲ့ရင်းပြီး ကာကွယ်ခဲ့တဲ့ ကျဆုံးသွားတဲ့ စစ်သည်တော်တွေကို ကိုယ်တော် ဂုဏ်ပြုပါတယ် ပြီးနောက် ဒီစစ်ပွဲကိုဦးဆောင်ခဲ့တဲ့ အိမ်ရှေ့မင်းသား သေနာပတိနဲ့ စစ်သူကြီးများကို ရွှေတစ်ပိဿာတိတိချီးမြှင့်မယ် ဒီစစ်ပွဲမှာ ဂုဏ်ထူးဆောင်ပေးခဲ့တဲ့ ကိုယ်ရံတော်တပ်ချုပ်ဂင်လီဆာကို ကိုယ်တော်ရဲ့ နေမင်းအဆင်းကိုဆောင်သည့် အကောင်းဆုံးဓား နေသံချပ်ကိုချီးမြှင့်လိုက်တယ်"

The softness of snow Where stories live. Discover now