ပျောက်ဆုံးသွားသော---

20K 745 6
                                    

chapter 1

my first night with ----

ကျွန်မ အိပ်မပျော်တာ ဒီညနဲ့ပါဆိုရင် ၇ ရက် (တစ်ပါတ်)တိတိ ရှိပါပြီ။-----

အဖြူရောင် ဆေးဘူးရှည်လေးထဲမှ ပန်းရောင် အိပ်ဆေးလုံးလေး 3:4 လုံးလောက် လက်ထဲကို သွန်ချလိုက်သည်

ပထမရက် သူကျွန်မ နားကထွက်သွားစဉ်မှာ တစ်လုံး----ဒီလိုနဲ့---ဒုတ်ယမြောက်နေ့။တတိယမြောက်နေ့တွေကျတော့ ဆေးတစ်လုံးတည်းက ကျွန်မရဲ့ သူ့အပေါ သတိရနေတဲ့ စိတ်တွေကို ချုပိတည်းကာ အတင်းမှိတ်အိပ်ပစ်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တော့ပါဘူး----

သူကျွန်မ နားက ထွက်ခွါသွားတာ ဒီနေ့နဲ့ပါဆိုရင် တစ်ပါတ်တိတိ ရှိနေလေပြီ

သူမရှိတဲ့ နေ့ရက်တွေမှာ အသက်ရှင်နေထိုင်ဖို့ဆိုတာ ကျွနိမ အတွက်တော့ ရေမရှိတဲ့အိုင်မှာ ကူးခတ်နေရတဲ့ ငါးတစ်ကောင်အလား-----

ကျွန်မ နာမည်က lulu ပါ

ကျွန်မ အသက် 19 နှစ်မှာ အိမ်က သဘောတူတဲ့သူနဲ့ လက်ထပ်လိုက်ရတယ်။ဘဝမှာ တခါမှ မမြင်ဖူး မတွေ့ဖူးတဲ့ သူနဲ့ လက်ထပ်လိုက်ရတဲ့ အကြောင်းရင်းကတော့ ရုပ်ရှင်တွေထဲကလို ထုံးစံအတိုင်း စီးပွါးရေးအဆင်မပြေလို့ မဟုတ်ပဲ ကျွန်မတို့ အိမ်နဲ့ သူတို့အိမ်အပေါ ထားရှိခဲ့တဲ့ ကျိနိစာတွေ ကြောင့်ပါပဲ


သူများ မင်္ဂလာဆောင်တွေလိုမျိုး မဟုတ်ပဲ ကျွန်မတို့ မင်္ဂလာပွဲက ညနေ နေဝင်ရီသရော အချိန်မှာ ကျင်းပဖြစ်ပြီး----

စားပွဲဝိုင်းတွေကလည်း လူရှိတဲ့ စားပွဲတွေရှိသလို လူမရှိပဲ ဒီတိုင်း ခင်းကျင်းထားတဲ့ စားပွဲတွေကော----

မင်္ဂလာပွဲသို့ ကြွရောက်လာသော ဧည့်သည်အများစုမှာလည်း အပြုံးမျက်နှာမရှိ---အားလုံးက တည်ငြိမ်သော မျကိနှာများဖြင့်သာ---

ကျွန်မ မိတ်ဆွေသူငယ်ချင်းတွေကိုလည်း ဖိတ်ခွင့်မရခဲ့သလို----ဘယ်သူမှလည်း ကျွန်မ မင်္ဂဆောင်တယ်ဆိုတာကိုတောင် မသိကြပါဘူး

ညနေ ၆ နာရီ အချိန်တွင် ကျွန်မနှင့် လက်ထပိရမည့် သတို့သား ရောက်လာပါတယ်

ပျောက်ဆုံးသွားသောWhere stories live. Discover now