ဆိုး - အပိုင်း (၁)

7.2K 230 8
                                    

Unicode

အိပ်ယာနိုးချိန်တွင် ပြတင်းပေါက်မှတစ်ဆင့်မြင်နေရသော ကောင်းကင်ကြီးမှာ ကျွန်မရဲ့အိပ်ခန်းအတွင်းရှိနံရံပေါ်တွင် အလှဆင်ထားသော ပန်းချီကားများထက်ပင် အဆပေါင်းများစွာပိုလှနေသည်။ ကျွန်မသည် ပန်းချီကားများကို အလွန်နှစ်သက်၍ ကျွန်မ ရှာသမျှငွေ၏ သုံးပုံတစ်ပုံကို ပန်းချီကားများဝယ်ယူရန်အသုံးပြုလေ့ရှိသည်။ ကျွန်မအိမ်သို့ လာလည်သော ဧည့်သည်များသည် အိမ်အနှံ့ လက်ညိုးထိုးမလွဲအလှဆင်ထားသော ပန်းချီကားများကို တွေ့ရပေလိမ့်မည်။

ကျွန်မအိပ်ယာနိုးလာသောအချိန်မှာ နံနက် 9နာရီ ဝန်းကျင်ဖြစ်သည်။ ပြာလဲ့လဲ့ကောင်းကင်ကြီးမှာမှ တိမ်တိုက် တိမ်လွှာ ဖြူဖြူလေးတွေ လေနှင်ရာလွင့်ရင်း အလုပ်များနေကြပုံပါပဲ။ ခြံဝန်းကျယ်ကျယ်တစ်ခု၏ သုံးထပ်တိုက်တစ်လုံးတွင် တစ်ယောက်တည်းနေရသော ကျွန်မအတွက် အလုပ်ပိတ်ရက်သည်အလွန်ပျင်းစရာကောင်းသည်။
ဒါကြောင့်လည်း ပိတ်ရက်များနှင့်အားလပ်ရက်များ တွင် တစ်နေရာရာသို့သွား၍ အချိန်ဖြုန်းလေ့ရှိသည်။
ရာသီဥတုသာယာနေသည့် အတွက် ဒီနေ့လိုအလုပ်ပိတ်ရက်လေးမှာ ပိုင်နဲ့ ထိုင်နေကျ cafe သို့သွား၍ စကားလေးပြောရင်း စာအုပ်လေးဖတ်ရင်း အချိန်ကုန်ဆုံးချင်သည်။ သူငယ်ချင်းဖြစ်သူ မင်းကိုပိုင် ဆီဖုန်းဆက်ရန် ဖုန်းကို ကောက်ကိုင်လိုက်သည်။

"ဟေ့.. ပိုင်လေး... သူငယ်ချင်း... ပိုင်ပိုင်.. နိုးပြီလား''

ကျွန်မ ပိုင့်ကို အပြင်သွားဖို့ခေါ်တဲ့အခါတိုင်း ဒီလိုချိုချိုသာသာခေါ်လေ့ရှိသည်။ ကျန်တဲ့အချိန်တွေမှာတော့ ပြောမနာဆိုမနာသူငယ်ချင်းတွေမလို့ ဒီလိုခေါ်ပြီဆို ကျွန်မ လိုချင်တာတစ်ခုခုရှိလို့ဆိုတာ မင်းကိုပိုင်တို့ က သိနေပြီ.....

"ဘာလဲပြော...နင်ဘာဖြစ်ချင်ပြန်ပြီလဲ စောစောစီးစီး ငါ အိပ်ရေးတောင်မဝသေးဘူး"

"သူငယ်ချင်းလေး ငါဒီနေ့ အလုပ်ပိတ်တာ ပျင်းနေလို့ဟို ထိုင်နေကျ cafeကိုသွားချင်လို့ နင်ရောမလိုက်ချင်ဘူးလား... ဟို ချစ်စရာကောင်းတဲ့ waiterကောင်လေးရှိတဲ့ cafeလေ သိတယ်မလား''
(သူစိတ်ဝင်စားတာလေးပါ ထည့်ပြောရတာပေါ့)

ဆိုး  (GL 🌈) Where stories live. Discover now