"ငါတို့ ကွာရှင်းကြမယ်" "ဟာကွာ ခွပ်" "ဟင် သွေးတွေ" အနီးအနားတွင်ရှိနေသော အလှပန်းအိုးလေးဖြင့် သူ ခေါင်းကို သူကိုယ်တိုင် ရိုက်ချလိုက်ခြင်းပင်။ "ဒီမှာ ဒေါ်မြတ်ဖူးငုံ၊ ခင်ဗျား ပါးစပ်က နောက်တစ်ခါ ကျုပ်ကို ကွာရှင်းမယ်လို့ ပြောရဲပြောကြည့် ၊ ခင်ဗျားကို သတ်ပစ်ပြီး၊ ကျုပ်လိုက်သေဖို့ ဝန်မလေးဘူးနော်၊ ကျုပ် ဆိုတဲ့ ကောင်ကို မလုပ်ရဲဘူး မထင်နဲ့၊ ခင်ဗျားကို ကျုပ် လက်ထပ်ခဲ့တာ ခင်ဗျားကို သိပ်ချစ်လို့၊ ကျုပ် ချစ်တဲ့ ခင်ဗျားကို ကျုပ် ဘယ်နည်းနဲ့မှ ကွာရှင်းမပေးနိုင်ဘူး၊ ခင်ဗျား ကျုပ်ရှေ့က ခြေတစ်လှမ်း ပြေးထွက်ဖို့ ကြိုးစားရင် ခင်ဗျားခြေထောက်တွေ ရိုက်ချိုးမယ်၊ ခင်ဗျား ကျုပ်ဘဝထဲက အပြီးအပိုင်ထွက်ပြေးမယ် ဆိုရင်တော့ ခင်ဗျားနဲ့ ကျုပ် အတူတူသေကြတာပေါ့"