အပိုင်း(၃)

7.4K 495 4
                                    

>Unicode<

ဒီနေ့က လက်ဆက်ပွဲဖြစ်သည့်အပြင် မိဖုရားခေါင်မြောက်သည့်ပွဲပင်လည်း ဖြစ်သောကြောင့် နန်းတွင်းထဲမှာစည်ကားနေလေသည်။ အမတ်တွေကတော့ ပထမဆုံးစစချင်းလက်ဆက်တဲ့ မိဖုရားကိုချက်ချင်းပင် မိဖုရားခေါင်မြှောက်သည်ကို မကျေနပ်ပေ။ သို့အတူထိုလူကယောကျာ်းလေး ဖြစ်သည့်အပြင် နူးနူးညံ့ညံ့သခင်လေး မဟုတ်ဘဲ စစ်သူကြီး၏သားပေတဲ့။ ဘယ်လိုပဲစဉ်းစားစဉ်းစား မိဖုရားခေါင်မဖြစ်သင့်ဟု အမတ်တွေကထင်ပေမယ့် မင်းကြီးနှင့် မယ်တော်ကြီး၏ စကားကိုတော့မလွန်ဆန်ရဲ။
           အချိန်ကတော့ ယခုမှမွန်းတည့်ချိန်ပဲရှိသေးသည်။ စစ်ယီကခဏနေမှရောက်လာဖြစ်ပေမယ့် ချီမင်းကတော့ စိတ်မငြိမ်နိုင်ပေ။ ဘုရင်တစ်ပါးဖြစ်ပေမယ့် ဟိုလျှောက်လိုက် ဒီလျှောက်လိုက် ဖြစ်နေတော့ ချင်းလီပင်လျှင်အမြင်ကတ်လာသည်။ ခဏလောက်ကြာတော့ ခပ်လှမ်းလှမ်းမှ ဝေါယာဉ်ကို တွေ့လိုက်မိတော့ ချီမင်းမြန်မြန်ပင် ပြန်တည်ငြိမ် လိုက်လေသည်။

”မင်းကြီးဝေါယာဉ်ရောက်ပါပြီ”

           ဘေးကအမတ်က မင်းကြီးသိသည်ဆိုပေမယ့် သတိပေးလိုက်သည်။ ချီမင်းက သူ၏ရုပ်ကိုထိန်းလိုက်ပြီး အနှီဝေါယာဉ်ရှေ့သို့သွားကာ စစ်ယီမထွက်လာခင် လက်ကိုအရင်ကမ်းပေးလိုက်သည်။ စစ်ယီလည်း ချီမင်းလက်ကိုဆွဲလိုက်ပြီး ဝေါယာဉ်အပြင်ကို ထွက်လာမိတော့သည်။ သို့ပေမယ့် စစ်ယီခေါင်းမှ ခေါင်းစောင်းအလေးကြီးကြောင့် ခလုတ်တိုက်မိသွားလေပြီး ချီမင်းရင်ခွင်ထဲသို့ကျသွားမိသည်။  တွဲထားသည့်လက်က်ိုမူ မလွှတ်မိပေ။

”ချီမင်း ကျွန်တော်တောင်းပန်ပါတယ် ”

            စစ်ယီက ချီမင်းကြားနိုင်လောက်သည့် အထိသာ ပြောလိုက်လေတော့ ပုဝါအနီအောက်ကပင် ချီမင်း၏ခန့်ညားသော အပြုံးကိုမြင်လိုက်ရသည်။ ချီမင်းက စစ်ယီခေါင်းမှအရာကြောင့် လမ်းကောင်းကောင်းမလျှောက်နိုင်တာသိ၍ စစ်ယီကိုရင်ခွင်ထဲမှထုတ်လိုက်ကာ ပွေ့ချီလိုက်တော့သည်။

”ဟင်”

”......”

         အကုန်လုံးဆီက အာမေဋိတ်အသံတွေ ထွက်သွားပြီး စစ်ယီပင်လျှင် ရုတ်တရပ်မို့ ဘာဖြစ်သွားလဲ မသိသည်မို့ပြောစရာစကား ပျောက်ရှမိလေသည်။ ချီမင်းကတော့ စစ်ယီကို စိတ်ပူသောကြောင့် ချီလာခြင်းပါ စီစဉ်ထားသည့်နေရာက လှေကားထိပ်စွန်းမှာ ဖြစ်သောကြောင့်ပင်။

အရှင့်ကြင်ရာတော်(BL)[Complete]Where stories live. Discover now