အပိုင်း(၈)

4.3K 339 3
                                    

>Unicode<

”စစ်ယီ စစ်ယီဖြေးဖြေးလျှောက်”

        ချီမင်းတစ်ယောက် စစ်ယီအနောက်ကို လိုက်လာရင်း ပြောလိုက်သည်။

”အကုန်ထွက်သွားပေးပါ”

         စစ်ယီက အဆောင်ထဲတွင်ရှိသော အထိန်းတော်အကုန်လုံးကို ထွက်သွားခိုင်းလိုက်တော့ အကုန်လုံးလည်း အမိန့်အတိုင်း အရိုအသေပြုပြီး ထွက်သွားတော့သည်။

”စစ်ယီ ကိုယ့်ကို စိတ်ဆိုးသွားတာလား”

          ချီမင်းက စစ်ယီကို သက်ပြင်းချကာ မေးလိုက်သည်။ စစ်ယီက ထိုအခါမှ ချီမင်းဘက်ကို လှည့်လိုက်ကာ ချီမင်းရင်ခွင်ထဲသို့ ပြေးဝင်လိုက်သည်။

”စစ်ယီ ကလေးရှိတယ်လေ ဖြေးဖြေး ”

        ချီမင်းက စစ်ယီကို စိုးရိမ်၍သတိပေးလိုက်ပြီး ရင်ခွင်ထဲဝင်လာသော စစ်ယီကို ပွေ့ဖက်လ်ိုက်သည်။

”ချီမင်းတစ်ခုခုဖြစ်မှာ ကျွန်တော်စိုးရိမ်တယ် နောက်တစ်ခါ အဲ့လိုမလုပ်ပါနဲ့”

          ပိုတင်းကြပ်အောင် ဖက်ထားလိုက်ပြီး ချီမင်းက စစ်ယီ၏ဆံသားလေးတွေကို ငုံနမ်းလိုက်သည်။

”ကိုယ့်ကိုစိုးရိမ်ပေးတာ ကျေးဇူးပါ ယီ”

            ချီမင်း၏ အဖျားစွတ်ပြောသံကြားတော့ စစ်ယီဘဝင်မကျသည့်အတွက် ချီမင်းကို မကျေနပ်သလို အကြည့်ဖြင့် မော့ကြည့်မိသည်။

”အွန်း...”
 
           မော့ကြည့်အောင်ဘဲ သက်သက်လုပ်တာလား မသိ။ စစ်ယီမော့ကြည့်ခ်ျိန်မှာ ချီမင်းက စစ်ယီ၏နှုတ်ခမ်းလွှာကို သိမ်းပိုက်မိသည်။ နူးညံ့သည့် ခံစားချက်ကြောင့် စစ်ယီမျက်လုံးတို့က မှေးစင်းမိသည်။

”နေဦး”

         အဝေးကမြှားပစ်သလိုနှင့်တူသော လေတိုးသံတစ်ခုကို စစ်ယီခံစားမိတာဖြစ်သည့်အတွက် သူချီမင်းကို တွန်းလိုက်မိပြီး အသံလာရာကို မှန်းဆကာ ဖမ်းဆုပ်လိုက်တော့ ထင်သည့်အတိုင်း မြှားတိုတစ်ချောင်းပါလေ။
           ထိုမြှားဝင်လာသည့် ပြတင်းပေါက်အပြင်ဘက်ကို လှည့်ကြည့်လ်ိုက်တော့ ပြတင်းပေါက်နဲ့ ခပ်လှမ်းလှမ်းနေရာက သစ်ပင်ပေါ်မှာ ခေါင်းစွပ်ပါသည့်ဝတ်ရုံအမဲခြုံထားသော လူတစ်ယောက်က်ို မြင်တော့စစ်ယီ နှုတ်ခမ်းက ကော့တက်သွားကာ ဘယ်လိုတောင်ညံ့သည့် လုပ်ကြံသူလဲဟုတွေးမိသည်။

အရှင့်ကြင်ရာတော်(BL)[Complete]Where stories live. Discover now