အပိုင်း(၂၀)

3K 240 2
                                    

>Unicode<

"သားလေး"

ခေါ်လိုက်သည်နှင့်အမြှီးလေးတနှံ့နှံ့ဖြင့် ချစ်သားလေးက မုချင်းဆီပြေးလာသည်။ ကမ်းပေးလိုက်သော လက်ကလေးကို ခေါင်းဖြင့်ပွတ်ကာ ထိုကြောင်လေးက လှဲချပြီး သူ့ကိုပွတ်ခိုင်းလေသည်။
အရှေ့တွင်ရှိသော ထိုကြောင်လေးကို ပွတ်သပ်ပေးလိုက်မိသည်။ ပြီးတော့ ခုနကမြင်သည့် မြင်ကွင်းကြောင့် မုချင်းစိတ်ပျတ်လက်ပြတ် သက်ပြင်းချလိုက်သည်။ မုချင်းခုနက ပင်းလျန်မှာ အထိန်းတော်မုလန်ဖြင့် ချိန်းတွေ့နေသည်ကို သူမျက်မြင် ထင်ရှားတွေ့ခဲ့သည်။ မနက်ကလည်း ပင်းလျန်က သူမိဖုရားခေါင်၏ ကိုယ်ရံတော်လုပ်မည်ဆိုတော့ ကြည့်ရတာ အထိန်းတော်မုလန်ဖြင့်ရင်းနှီးချင်သောကြောင့် ဖြစ်ပေမည်ဟုထင်မိသည်။

"ရောက်နေတာလား"

အတွေးတွေထဲနစ်မြောနေသော အနောက်ကအသံကြား၍ မုချင်းလှည့်ကြည့်မိတော့ ကိုယ်ရံတော်ပင်းလျန်ကို တွေ့ရသည်။ နာကျင်နေသည့်ရင်ဘတ်ကြောင့် နှလုံးရောဂါများရနေပြီလားဟုတောင် ထင်မိလေသည်။

"ဟုတ်ကဲ့ ဒါထက်က်ိုယ်ရံတော်ကြီး စိတ်ရင်းနဲ့ဂုဏ်ယူပါတယ်"

မတ်တပ်ရပ်လိုက်ကာ ဦးညွှတ်လိုက်သည့် မုချင်းကြောင့်ပင်းလျန်က ဘာမှန်းညာမှန်းမသိ ကြောင်သွားမိသည်။ တစ်ဆက်တည်းပြောလိုက်သည့် မုချင်းစကားကြောင့် ဘာကိုပြောမှန်း နားလည်သွားသည်။

"ယောက်ဖတော် ကျွန်တော်ကူညီပေးမှာပေါ့"

မသိမသာစို့တက်လာသော မျက်ဝန်းထက်က မျက်ရည်တို့က အိပ်ရေးမဝသောကြောင့် ဖြစ်ပေလိမ့်မည်။ မုချင်းက သူပျော်သင့်သည်ဟုထင်မိသည် ပင်းလျန်က သူ့အမျိူးဖြစ်လာမှာကပျော်သင့်သည် မဟုတ်ပေလား။

"မင်းအထင်လွဲနေပြီ မုချင်း"

တွေးချင်ရာတွေ တွေးနေသော မုချင်း၏ လက်ကိုဆွဲကိုင်ပြီး ပင်းလျန်က သူ၏ရင်ခွင်ထဲ ထည့်လိုက်မိတော့ ချစ်ရသူလေးက ယင်း၏ရင်ခွင်ထဲ နစ်ဝင်သွားသည်။

"ဟင်..."

ဝိုင်းစက်လာသောမျက်လုံးက အံ့သြနေသည့် အသွင်နှင့်ပိုတူသည်။ ခေါင်းထဲအတွေးတို့က ကမ္ဘာပျတ်နေမိပေသည်။ ကိုယ်ရံတော် ပင်းလျန်က ဘာကြောင့်သူ့ကို ဖက်တာလဲ သူတကယ် မသိပါလေ။
တင်းကြပ်စွာဖက်ထားပေမယ့် အသက်ရှုမကြပ်ပေ။ ဒီအတိုင်း ဖက်ရုံဖက်ထားသည်လည်းမဟုတ်။ ရင်ခွင်ထဲက ထွက်မသွားရန် ဆွဲချုပ်ထားသည့်နှယ်။

အရှင့်ကြင်ရာတော်(BL)[Complete]Where stories live. Discover now