အပိုင်း(၂၆)

3.3K 242 1
                                    

>Unicode<

”ဘာ...”

          ချင်းလီ၏အော်သံကြောင့် ကုန်းရှဲ့ရော အဆောင်တော်ထဲက လူတွေရော ထိန့်လန့်သွားမိသည်။ တကယ်လည်း မယ်တော်ကြီးထိတ်လန့်ရင် ကြောက်စရာကောင်းသည်။

”အေးဆေးပြောလို့မရဘူးလား”

           မျက်မှောင်ကြုတ်လိုက်ကာ ကုန်းရှဲ့ကပြောတော့ ချင်းလီကပြန်၍ ဘုကြည့်ပြန်ကြည့်လေသည်။ သားတစ်ယောက်လုံး ဒီလိုဖြစ်နေတာတောင် ဘာလို့ကုန်းရှဲ့မှာ  အေးဆေးနေနိုင်ရပေတာလဲဟု မေးခွန်းထုတ်ချင်သည်။

”စစ်သူကြီး ရှင့်သားဒီလို့ဖြစ်နေတာတောင် ရှင်ကအေးဆေးနေနိုင်တယ်ပေါ့”

”ဒါပေမယ့် ဒါကကျွန်တော်မျိုးခန့်မှန်းတာ သက်သက်လေ သက်သေမှမရှိတာ”

             သက်သေမရှိဘဲ စွပ်စွဲလိုက်ရင် လန်ရင်းဟာဖူတိုင်းပြည်က မင်းသားဖြစ်ပေသောကြောင့် ကိစ္စတွေရှုပ်ထွေးကုန်လေမည်။ဖူတိုင်းပြည်၏ ဧကရာဇ်က မင်းသားလန်ရင်းကို သားလိုသဘောမထားဘူးဆိုတာသိပေမယ့် မရေရာဘဲစွပ်စွဲလို့ မကောင်းပေ။

”နည်းနည်းရုပ်ပေါက်တာပေါ့ အချိန်ခြားပြီး လုပ်ကြံရင် လုပ်ကြံပေါ့ ဘာလို့အခုအချိန်မခြားဘဲ လုပ်ရတာလဲ”

              အရင်နေ့ကဆေးဖြင့်လုပ်ကြံတာ မိသွားတော့ သူတို့ဆင်ခြင်မည်ဟု ထင်ခဲ့ပေမယ့် ပိုတောင်လုပ်သေးသည်။

”တစ်ခုသိပြီ...ဒဏ်ရာ”

ဒဏ်ရာ....။

            ချင်းလီသည်ကား စစ်သူကြီးပြောသည်ကို နားမလည်ပေ။

”အကယ်၍ စစ်ယီနဲ့လန်ရင်းရဲ့ ဒဏ်ရာသာ တစ်နေရာထဲအတူတူရှိမယ်ဆိုရင် အဲ့တာ သက်သေပဲ”

           ဟုတ်ပေသားပဲ။ ထိုအချက်ကို သူတို့မေ့နေသည်။

”ဒါဆိုဘာလို့အချိန်ဆွဲနေတာလဲ...သွားရအောင်လေ”

          အချိန်သာဆွဲနေရင် စစ်ယီအတွက် ပို၍ အန္တရာယ်ရှိပေသည့်အတွက် ချင်းလီလောလိုက်ပေသည်။ ကုန်းရှဲ့လည်း လက်ခံလိုက်ကာ ရဲမတ်တွေက်ို သူ့နောက်လိုက်ခိုင်းလေပြီးမှ လန်ရင်းဆီကို သွားတော့သည်။

အရှင့်ကြင်ရာတော်(BL)[Complete]Where stories live. Discover now