အပိုင်း(၂၄)

2.9K 256 2
                                    

>Unicode<

”မင်းသားလေး...ရပ်လိုက်ပါတော့”

            အားရှင်းတစ်ယောက် သူဗိုက်သူ ဖယောင်းတိုင်မီးနှင့်မြှိုက်နေသော မင်းသားလန်ရင်းကို  တားလိုက်တော့သည်။ ဒါကိုတွေ့တော့ လန်ရင်းက တောက်တစ်ချက်ခေါက်လ်ိုက်ကာ အထိန်းတော်ကို တွန်းလိုက်သည်။

”ဒါတွေအကုန်လုံးက..မင်းကြီးဆီက အဲ့တစ်ယောက်ကို ခေါ်ထုတ်ဖို့ပဲ.. ကျွန်တော် ဒီလောက်တော့ ဘာမှမဖြစ်ပါဘူး”

            လန်ရင်းကပြောရင်းဖယောင်းတိုင်ကို သူ့မျက်နှာနားကပ်တော့ အထိန်းတော်အလန့်တကြားပင် ဖယောင်းတိုင်ကို ဆွဲလုလိုက်သည်။

”သခင်လေးရဲ့ မျက်နှာလှလှလေး တစ်ခုခုဖြစ်သွားပါ့မယ်... ဒီလောက်ဆို ကလေးတစ်ခုခုဖြစ်သွားပြီပေါ့”

            အားရှင်းက ဦးညွှတ်လိုက်ပြီးပြောလိုက်ကာ ဖယောင်းတိုင်ကို မှုတ်လိုက်သည်။ ထိုအခါတွင်တော့ လန်ရင်းဟာ လက်ခံလိုက်လေသည်။ လန်ရင်းသာ သူများကိုလုပ်ချင်တာနဲ့ ကိုယ့်ပါထိခိုက်မည်ဆိုတာ မေ့သွားလေသည်။ အနှီလန်ရင်းဟာ ပြုံးလိုက်ပြီး အရှေ့တွင် သူကိုယ်တိုင်စီစဉ်ထားသည့် ပူးကပ်ထားသော အရုပ်နှစ်ရုပ်ကိုယူလိုက်သည်။

အရုပ်နှစ်ခုကို လန်ရင်းကသူ၏ဝတ်စုံကြိုးဖြင့် ချည်ထားကာ အမွှေးနံ့သာတွေသုတ်လိမ်းပြီး သူကိုယ်တိုင်စီစဉ်ထားသည်လေ။ လန်ရင်းသည် စာအုပ်ထဲကအတိုင်းလုပ်ထားသောကြောင့် တကယ်အလုပ်ဖြစ်မဖြစ် သိချင်သည်။ ထို့ကြောင့် စားပွဲခုံပေါ်တွင် တင်ထားသော အသီးလှီးဓားကို ယူလိုက်ပြီး မပြောမဆို သူ၏ဘယ်ဘက် လက်ဖမိုးကို မွှန်းချလိုက်သည်။

”မင်းသားလေး ”

           သွေးတို့ကတဖြည်းဖြည်း တစိမ့်စိမ့်ထွက်လာသည်။ လန်ရင်းဟာ ဝုန်းဒိုင်းကြဲပြီးတော့ မလုပ်နိုင်အောင် ကြိုးစားသည်။ အကယ်၍ အနှီစာအုပ်ဟာ အမှားရေးထားသည်ဆိုရင် လန်ရင်းက ဘာမှအကျိုးသက်ရောက်မှုမရှိဘဲ ကိုယ့်အသားကိုယ် နာကျင်အောင် လုပ်သည့်လူဖြစ်သွားပေမည်။ ထိုစာအုပ်သာ တကယ်မှန်ခဲ့ပါလျှင် မနက်ကြ စစ်ယီလက်မှာ သူကဲ့သို့ဒဏ်ရာရှိပါပေမည်။

အရှင့်ကြင်ရာတော်(BL)[Complete]Where stories live. Discover now