အပိုင်း(၇)

4.4K 347 4
                                    


>Unicode<

”မင်းသား၁၂ ရောက်နေပြီတဲ့”

          လန်ရင်း၏အထိန်းတော်ကြီးက သူမ၏ မင်းသားလေးကို ပြောလိုက်သည်။ လန်ရင်းကတော့ အထိန်းတော်ကြီးကို မသိမသာပြုံးပြလိုက်သည်။

”ဘယ်ရောက်ပြီလဲ ”

           တည်ငြိမ်သောအသံနှင့်အတူ လန်ရင်းက အထိန်းတော်ကြီးကို မေးလိုက်သည်။ လန်ရင်းမှာ ဘာမှအရေးမစိုက်သည့်ပုံပါလေ။
            ဖူတိုင်းပြည်တွင်မင်းသား၁၂ယောက် မင်းသမီး၁၅ယောက်ရှိပေမယ့် ဖခင်ဖြစ်သူက မိဖုရားခေါင်နှင့်ဒုမိဖုရားခေါင် တို့ရဲ့သားတော် သမီးတော်တွေကိုပဲ ဂရုပြုပြီး၎င်းတို့က်ို ရှိတယ်လိုတောင်မထင်ပေ။ ဖခင်ဖြစ်သူ၏ စိတ်ထဲမှာတော့ သူတို့ဟာချစ်ကြည်ရေးအတွက် ဆက်သရမည့်လက်ဆောင်တစ်ခုသာသာပဲလေ။
          လွန်ခဲ့သည့်တစ်ပတ်က ဖခင်ဖြစ်သူဆီက ရခဲ့သည်မကြုံစဖူး အမိန့်စာရခဲ့သောကြောင့် လန်ရင်းသိခဲ့လေပြီ။ အဲ့တာက သူလည်း သူ၏မောင်နှမတွေနည်းတူ ပို့ခံရတော့မယ်ဆိုတာ။

”အဆောင်ရှေ့ရောက်နေပါပြီတဲ့ မင်းကြီးကပြောပါတယ် သူ့ကိုလာ နှုတ်ဆက်စရာမလိုဘူးတဲ့”

        အထိန်းတော်က မပြောရဲပေမယ့် ပြောလိုက်သည်။ လန်ရင်းကတော့ ဘာမှမဖြစ်သာမန်အတိုင်းသာ မဲ့ပြုံးလုပ်လိုက်ပြီး ယူသွားရန်ပြင်ဆင်ထားသော ပစ္စည်းထုတ်ကို အထိန်းတော်ကြီးထံ ပစ်ပေးလိုက်သည်။ အထိန်းတော်ကြီးကလည်း မနည်းမိအောင်ဖမ်းလိုက်သည်။
           အထုပ်က်ိုပစ်ပေးပြီးသည်နှင့် ကျောခိုင်းကာ အဆောင်အပြင်က်ို ထွက်လာသော လန်ရင်းပါလေ။ လန်ရင်းအပြင်ထွက်လာတော့ သူ့ကိုကြည့်နေသော မျက်လုံးတွေက်ို ခံစားမိပေမယ့် မသိချင်ယောင်ဆောင်လိုက်သည်။

”ဘယ်လ်ိုသွားရမှာလဲ”

         အရှေ့တွင်ရှိသော သူတို့တိုင်းပြည်က ရဲမတ်ကိုလန်ရင်းကို မေးလိုက်သည်။ မေးလိုက်သည်ဆိုတာထက် ဟောက်လ်ိုက်သည်ဟု ပြောရင်ပိုမှန်လေသည်။

”ဘယ်ဘက်ခြမ်းကဝေါယာဉ်ပါ မင်းသားလေး”

           ထိုရဲမတ်က သူ့ကိုဦးမညွှတ်သည့်အပြင် ရဲတင်းစွာပြောလိုက်သောကြောင့် လန်ရင်းမကျေနပ်ပေမယ့် မနည်းစိတ်ထိန်းကာ ထိုရဲမတ်ပြောသည့်ဝေါယာဉ်ပေါ် သူ၏အစေခံနှင့်အတူ တက်လိုက်သည်။

အရှင့်ကြင်ရာတော်(BL)[Complete]Where stories live. Discover now