Extra

5.1K 286 5
                                    

>Unicode<

”မုချင်း”

         ပင်းလျန်တစ်ယောက် အရှေ့တွင်ရှိသော မုချင်းကိုခေါ်လိုက်သည်။ မုချင်းကတော့ ဟင်ဟုထူးကာ အနောက်လှည့်လိုက်တော့ ပင်းလျန်ဆွဲပွေ့သည်ကိုသာ ခံလိုက်ရ၍ မျက်မှောင်ကြုတ်ပြီးတွန်းဖယ်လိုက်သည်။

”ဖယ်...”

”မဖယ်နိုင်ဘူး...”

         ဘူးတစ်လုံးခံကာ ပင်းလျန်ကပြောလိုက်သည်။ သို့ပေမယ့် ဖက်ထားသည်ကို အနည်းငယ်လျော့ပေးကာ မျက်နှာချင်းဆိုင်လိုက်ပြီး မေးစေ့ဖျားလေးကို မော့လိုက်ကာ နှုတ်ခမ်းနှစ်လွှာကို ထိကပ်လိုက်သည်။
          ထိကပ်ထားသော နှုတ်ခမ်းနှစ်လွှာကြားမှ လျှာနှစ်ခုက အချင်းချင်း ကစားနေကြသည်။ သို့ပေမယ့်မုချင်းကပြုံးလိုက်ပြီး ပင်းလျန်၏လျှာကို ကိုက်လိုက်သည်။

”အ့”

            ရုတ်တရက်မို့ အာမေဋိတ်အသံထွက်သွားပြီး မုချင်းကိုလွှတ်လိုက်သောကြောင့် မုချင်းရယ်လိုက်မိသည်။

”ကိုယ်ရံတော်ကြီး စိတ်ဆိုးသွားလား”

          ခေါင်းကိုစောင်းလိုက်ပြီး မုချင်းကစနောက်သလိုမျိုးဖြင့် ပြောလိုက်တော့ ပင်းလျန်ဘယ်စိတ်ဆိုးပါ့မလဲ။ စိတ်မဆိုးသည့်အပြင် မုချင်းကတုံ့ပြန်တာမို့ ပျော်တောင်ပျော်မိသည်။

”ဒါထက် ကိုယ်တို့ဘယ်တော့ နမ်းတာက တက်မှာလဲ”

”အာ..အဲဒါက”

        ပွင့်ပွင့်လင်းလင်းမေးလိုက်တော့ မုချင်းမဖြေနိုင်တော့။ မျက်နှာနီရဲသွားပြီး အောက်ကိုသာ ငုံ့နေသည်။ ဒါကိုမြင်တော့ ပင်းလျန်ကပြုံးလိုက်ပြီး မုချင်းကရင်ခွင်ထဲက ထုတ်ပေးလိုက်တော့သည်။

”ရပါတယ်...မင်းမလုပ်ချင်ရင်လည်း ဖိအားမပေးပါဘူး”

        ပြောပြီး ပင်းလျန်ကမုချင်း၏ပခုံးကို သိုင်းဖက်လိုက်သည်။

”အင်း..ကျွန်တော်တို့ လက်ထပ်ပြီးမှပဲ အဲ့ကိစ္စ စဉ်းစားရအောင်”

          မုချင်းကပြောလိုက်သည်။ ပင်းလျန်ကတော့ အသဲယားပြီး မုချင်း၏နှာခေါင်းထိပ်လေးကို လက်ဖြင့်ထိလိုက်လေသည်။

အရှင့်ကြင်ရာတော်(BL)[Complete]Onde histórias criam vida. Descubra agora