အပိုင်း(၁၁)

3.6K 303 1
                                    

>Unicode<

ညသန်းခေါင်ကြမှ ဥယျာဉ်တော်ထဲ တွေ့မည်ချိန်းထားသော်လည်း စစ်ယီက နေဝင်သည်ဆိုသည်နှင့် သွားဖို့စိတ်အားထက်သန်နေသောကြောင့် ချီမင်းမှာ ညသန်းခေါင်မတိုင်ခင်ကပင် ဥယျာဉ်တော်ထဲ ရောက်ပြီးနေလေပြီ။
         ရွှမ်းမော့ဟု သံသယဝင်နေသော အနှီလူကတော့ အချိန်တိကျသည်လားမသိ။ ကြည့်ရတာ တကယ်ကိုသန်းခေါင်မှရောက်လာမည် ထင်သည်။

”မင်းတ်ို့ရောက်နေပြီပဲ”

         မနက်ကတွေ့ခဲ့သည့် အနက်ရောင် ခေါင်းစွပ်ပါသော ဝတ်စုံရှည်ကိုမျက်နှာလုံအောင် ဆောင်းထားပြီး သူ၏အသံတိုးလှသော  အသံဖြင့်ပြောလေသည်။ ကြည့်ရတာအသံက တိုးပေမယ့် အက်ကွဲနေသည့်ပုံပါလေ။
            ချီမင်း စိတ်ထဲတွင်တော့ သူအခု စစ်ယီရှေ့တွင် ကာကွယ်လိုက်ပြီး စစ်ယီ၏နှလုံးသားတွင် အမှတ်ယူဖို့ တွေးမိပေမယ့် စစ်ယီကသာ သူ့နှလုံးသားတွင် အမှတ်ယူခဲ့သည်။ စစ်ယီကသူ၏ကိုယ်၏ချီမင်း၏ အရှေ့တွင်ဝင်ကာလိုက်သည်ကို ကြည့်ရတာစစ်ယီက ချီမင်းအား ကာကွယ်နေသည့်ပုံပါလေ။

”ဟားဟား.....အစ်ကိုစစ်ယီ ကျွန်တော့်ကိုတောင် မယုံတော့ဘူး”

           ရွှင်ပြသောအသံဖြင့် ထိုလူက ဆိုလ်ိုက်ပြီး သူ၏ဝတ်စုံနှင့်တစ်ဆက်ထဲဖြစ်သော ခေါင်းစွပ်ကို အောက်ချလိုက်တော့ စစ်ယီရောချီမင်းပါ အံ့သြသွားသည်။ တကယ်ကြီးကို ရွှမ်းမော့ပါလေ ရွှမ်းမော့ကတော့ မတွေ့တာကြာပြီဆိုတဲ့ သဘောဖြင့်ပြုံးပြလိုက်သည်။

”ညီလေး”

”စစ်ယီ”

            ရွှမ်းမော့ကိုတွေ့သည်နှင့် ကလေးရှိတာကို သတိမထားတော့ပဲ ရွှမ်းမော့ဆီပြေးသွားလေတော့ စစ်ယီကိုမြင်တော့ ချီမင်းမှာတွေးပူမိရပြန်သည်။ စစ်ယီကတော့ သူ၏ညီလေးကိုမြင်တော့ အနားကိုပြေးသွားပြီး သူ၏ရင်ခွင်ထဲ ထည့်လိုက်လေသည်။

”ဖြည်းဖြည်းလာပါ အစ်ကိုစစ်ယီရဲ့ ကလေးရှိနေတာမှတ်လား”

”မင်းဘယ်တွေရောက်နေတာလဲ။ အစ်ကိုမင်းတို့မိသားစုကို ဆုံးသွားပြီထင်နေတာ မင်းဘယ်တွေရောက်နေတာလဲ”

အရှင့်ကြင်ရာတော်(BL)[Complete]Where stories live. Discover now