အပိုင်း(၂၂)

2.9K 254 1
                                    

>Unicode<

”မနက်တောင် ရောက်ပြီလား”

           အဆောင်အတွင်းဝင်လာသော အလင်းရောင်ကို ကြည့်ရသည်မှာ မိုးလင်းချိန်ဖြစ်ပေမည်။ ညနေက မေ့လဲချင်ယောင်ဆောင်လိုက်ပေမယ့် သောက်ထားသောဆေးကြောင့် ခဏနေတော့ တကယ်သတိလစ်သွားမိသည်ထင်သည် အိပ်ပျော်သွားသည်တော့မဟုတ်။

”မင်းသားလေး သတိရလာပြီလား ”

          အမြဲတစေမျက်စိဒေါင့်ထောက်ကြည့်နေသော အထိန်းတော်အားရှင်းက လန်ရင်းမျက်လုံးနှစ်လုံးပွင့်သည်နှင့် သတိထားမိသွားသည်။

”ကျွန်တော် သတိမေ့သွားတာလား”

            နှဖူးပေါ်တင်ထားသော ရေဝတ်ကိုဖယ်လိုက်တော့ အောက်တွင်ဆေးမြစ်ထည့်ထားသော အရာလေးပါ ပါလာသည်။

”သခင်လေး ညကအဖျားကြီးနေလို့ အပူစုပ်တဲ့ဆေးမြစ် ထည့်ထားပေးတာပါ”

            ဘေးကပြောနေသောအထိန်းတော်၏ စကားကိုလန်ရင်းသတိမမူမိဘဲ ထိုလက်ကိုင်ပုဝါလေးကို ဖြန့်လိုက်ကာ ဆေးမြစ်တွေကိုဖယ်လိုက်တော့ အောက်တွင်ရွှေရောင်နဂါးပုံဖော်ထားသည်ကို တွေ့မိတော့ ပြုံးလိုက်မိသည်။

မင်းကြီး ရောက်လာတာပဲ....ကျေးဇူးပါ ကျွန်တော့်က်ို ဂရုစိုက်ပေးလို့။

”ရပြီမပြောနဲ့တော့”

          သူ၏အရှေ့တွင် စကားများနေသော အထိန်းတော်စကားကို လန်ရင်းဆက်နားမထောင်ချင်တော့။ ဘာပဲဖြစ်ဖြစ် သူ့ကိုအခုလိုမျိုးလုပ်ရန် အကြံပေးသော အထိန်းတော်ကိုတော့ စိတ်ရင်းနဲ့ကျေးဇူးတင်မိသည်။

”အထိန်းတော် ညကြနန်းပြင်ထွက်ရအောင်”

”ကောင်းပါပြီ...မင်းသားလေး”

           မိဖုရားပေမယ့် နန်းတော်အပြင်ကို ထွက်ချင်တိုင်းထွက်လို့ရသည်က အခြားတော့မဟုတ် ဘုရင်မင်းမြတ်က စစ်ယီကလွဲရင်ဘယ်သူ့ကိုမှ အာရုံစိုက်တာ မဟုတ်သောကြောင့်ပါ။

        သူကိုယ်သူစွန့်စားပြီးနောက်ပိုင်း လန်ရင်းတစ်ခုကိုအကြံရသွားသည်။ အဲ့တာကတော့-

အရှင့်ကြင်ရာတော်(BL)[Complete]Where stories live. Discover now