အပိုင်း(၂၅)

3.1K 241 1
                                    

>Unicode<

”ဘာသတင်းကြားလဲ”

           မိဖုရားဝတ်စုံကိုဝတ်လိုက်သော လန်ရင်းသည်ကား အထိန်းတော်အားဆိုလိုက်သည်။ အထိန်းတော်ကတော့ မင်းသားလေးက မိဖုရားလိုဝတ်တာကို မမြင်ချင်ပေမယ့် သူမက ဘာတတ်နိုင်မည်လဲ။

            မိဖုရားဝတ်စုံဟုသာပြောသော်လည်း တကယ်ကမိန်းကလေးအဝတ်ရော မိန်းကလေးအရောင်ရော မဟုတ်ပေ။ ဝတ်စုံသည်ကား အစိမ်းနုရောင်ရှိပြီး လက်တွင်အဖြူရောင် ပန်းပုံသဏ္ဍာန် ဖော်ထားလေသည်။ ခါးထိရှည်သောဆံနွယ်တို့ကို ဒီအတိုင်းသာချထားပြီး ဆံနွယ်အနည်းငယ်ကိုယူကာ ကလစ်ဖြင့်ဘေးတွင် ညှပ်ထားလေသည်။ တကယ်က လန်ရင်းမှာယောကျာ်းလေးမိဖုရားနှင့်မတူဘဲ ကိုယ်လုပ်တော်နှင့် တူနေလေသည်။

”ဘာမှမကြားရသေးပါဘူး”

         အားရှင်းက အရိုအသေပြုပြီးဆိုလိုက်တော့ လန်ရင်းက မျက်မှောင်ကြုတ်လိုက်မိသည်။ လန်ရင်းကကား စာအုပ်ထဲမှာ ရေးထားသည့်အတိုင်းပင် လုပ်ခဲ့သည်လေ အမှန်ဆိုလျှင်ထိုအရာက အလုပ်ဖြစ်သင့်သည်ဟု လန်ရင်းထင်ပေသည်။

”သွားရအောင်...မိဖုရားခေါင်ဆီ”

          ကောက်ကာငင်ကာထလိုက်ပြီး လန်ရင်းက အဆောင်အပြင်ကို အမြန်ထွက်မိသည်။ အထိန်းတော်ကတားမည်ကို သိပေမယ့် လန်ရင်းမှာကား ဂရုမစိုက်ပါလေ။

          မတိုင်ပင်ပဲထွက်သွားသော မင်းသားလေးအားကြည့်ကာ အားရှင်းမှာ ငိုတောင်ငိုချင်လာသည်။

ဘာလို့်အဲ့လောက်ထိတောင်...စိတ်မြန်ရတာလဲ။

--------------------------------------------

”ချွေးမလေး....အာ”

            ချင်းလီသည်ကား အချိုမုန့်တို့ကို တစ်ခုပြီးတစ်ခု လုပ်လာပေးရင်း စစ်ယီအားလာ ခွံ့ကျွေးလေသည်။

          အမျိုးအစားစုံလင်သော မုန့်မျိုးစုံက အနံ့အရသာမျိုးစုံ အရောင်မ်ျိုးစုံနှင့် ရှ်ိနေလေသည်။ သို့ပေမယ့် စစ်ယီကကား သိပ်မစားချင်ပေ။ မယ်တော်ကြီး ခွံ့ကျွေးသည်ကိုသာ စစ်ယီကစားလိုက်တာတောင် ကြာလာတော့ အီလာသည်။

အရှင့်ကြင်ရာတော်(BL)[Complete]Where stories live. Discover now