အပိုင်း(၂၃)

2.8K 234 3
                                    

>Unicode<

ညရောက်တော့ အထိန်းတော်အားရှင်းကလည်း သူမ၏မင်းသားလေးပြောခဲ့သည့်အတိုင်း နန်းပြင်ထွက်ခဲ့သည်။ သူမကလန်ရင်းက်ို ကြည့်လိုက်ပေတော့ လန်ရင်းဟာလက်ထဲက စာအုပ်ကိုသာ အာရုံစိုက်နေသည်က်ို တွေ့ရသည်။ ဒါနဲ့များဘာလို့နန်းပြင်ထွက်လာတာလဲဟု မေးလိုက်ချင်ပေမယ့် ဘာကြောင့် နန်းပြင်ထွက်လဲ သိချင်သောကြောင့် သူမငြိမ်နေသည်။

”ရပ်လိုက်”

        အမွှေးနံ့သာတွေပဲ သီးသန့်ရောင်းသည့် ဆိုင်ရောက်တော့လန်ရင်းက ရပ်ဖို့အမိန့်ချမှတ်လိုက်သည်။ ထိုအခိုက်အတန့် လန်ရင်းက ပြုံးလိုက်သည်ကိုလည်း မြင်ရသည်။
         အရှေ့ကဦးဆောင်ကလန်ရင်းက ထိုဆိုင်ထဲသို့ဝင်သွားလိုက်သည်။ ထိုဆိုင်ထဲဝင်တော့ အမွှေးနံ့သာ အစုံအလင်ကိုတွေ့ရပြီး ရနံ့ပေါင်းများစွာကလဲ မွှန်နေသောကြောင့် လန်ရင်း ခေါင်းတောင်ကိုက်သလိုပင်။ ဆိုင်ထဲမှအလုပ်သမား တွေကတော့ အကျင့်ပါနေလို့လားမသိ ဘာမှမဖြစ်ဘဲ ဝယ်သူတွေကို ပြုံးရွှင်ပြီး နှုတ်ဆက်နေသည်။

”သခင်လေးက ဘာအလိုရှိလို့ပါလဲ”

          ဆိုင်မှအလုပ်သမားမလေးတစ်ယောက်က ရို့ကျိုးစွာ ဦးညွှတ်ရင်းဆိုလေသည်။ သူမစကားကြားတော လန်ရင်းဟာ စာအုပ်ကိုသေချာကြည့်လိုက်ပြီး နာမည်တစ်ခုချင်း ပြောတော့သည်။

”နံ့သာဆီ၊အနီရောင်အမွှေးခဲ..ပြီးတော့ သွေးနံ့ရတဲ့အမွှေးဆီတစ်မျိုး...ရနိုင်မလား”

         ပြောပြီးသည်နှင့် စာအုပ်ကိုပိတ်လိုက်ပြီး အရှေ့ကကောင်မလေးကို စူးစိုက်ကြည့်လိုက်သော လန်ရင်းပါလေ။ ထိုကောင်မလေးလည်း ခေါင်းငြိမ့်လိုက်ကာ ခဏစောင့်ခိုင်းပြီး လန်ရင်းပြောသောပစ္စည်းတို့က်ိုသွားယူလ်ိုက်သည်။ ခဏကြာတော့မှာယူထားသည့် ပစ္စည်းတွေနဲ့အတူ သူမကပြန်လာသည်။

”သခင်လေး...ဒီမှာပါ ”

         မှာယူထားသောပစ္စည်းတွေကို ဦးညွှတ်ကာ လက်နှစ်ဖက်ဖြင့် သေချာပေးလိုက်တော့ လန်ရင်းပြုံးလိုက်ပြီး သူ၏အထိန်းတော်ကို မျက်နှာရိပ်ပြလိုက်သည်။

အရှင့်ကြင်ရာတော်(BL)[Complete]Tahanan ng mga kuwento. Tumuklas ngayon