အပိုင်း(၁၂)

3.4K 285 3
                                    

>Unicode<

ချင်းလီလည်းသတင်း ကြားကြားချင်း စစ်သူကြီးအိမ်တော်ဆီလာခဲ့တော့ လူစုံနေသည်ကို တွေ့ရလေသည်။ ကိုယ်ရံတော်ပင်းလျန်က ပါရှိနေလေသည်။ ကြည့်ရတာ အထိန်းတော်ကိုစေခိုင်းပြီး သူမကိုခေါ်ခိုင်းတော့မည်ထင်သည်။

”မယ်တော်ကြီးရောက်လာပြီလား အခုတင်ခေါ်ခိုင်းတော့မလို့”

           ပင်းလျန်ကအရိုအသေပြုလိုက်ပြီး ထိုင်ခုံနေရာကို ညွှန်ပြလိုက်လေသည်။ ချင်းလီလည်း ပြထားသည့်နေရာတွင် ထိုင်လိုက်ကာ စကားစပြောဖို့ပြင်နေတုန်း သူမမျက်လုံးက ရွှမ်းမော့ဆီရောက်သွားလေသည်။

”တကယ်ကြီး ရွှမ်းမော့လား”

           ပုံစံကြည့်ရတာ သတင်းကြားတာကို မယုံဘဲအခုမှသာ ယုံသွားလေသည့်ပုံပါလေ။ ရွှမ်းမော့ကတော့ ထိုင်နေသည်မှ မတ်တပ်ရပ်လိုက်ပြီး ဂါရဝပြုလိုက်သည်။ ထို့နောက်မှ သူမမေးထားသော မေးခွန်းကိုဖြေတော့သည်။

”ကျွန်တော် တကယ်ရွှမ်းမော့ပါ”

        ချင်းလီသူမ မျက်လုံးတောင်မယုံနိုင်ပေ။ ရွှမ်းမော့က ဆုံးသွားလေပြီမှတ်လား ဘာကြောင့် သူမ ရှေ့တွင်အကောင်းပကတိအတိုင်းတွေ့နေရလဲဟု တွေးမိလေသည်။

ကြည့်ရတာ.....ချီမင်းတို့ပြောတာမှန်တယ် ထင်တယ်။

”ထိုင်ပါ”

           ချင်းလီကတွေးနေမိရင်း ရွှမ်းမော့က အခုထိအရိုအသေပြုနေသေးသည်ကို သတ်ိရမိ၍ ပြန်ထိုင်ခိုင်းလေတော့သည်။

”ဆိုတော့ စစ်ယီသားတို့က ချင်းတိုင်းပြည်ကို သွားမှာလား”

             ကုန်းရှဲ့သည် တည်ငြိမ်စွာဖြင့်ပင် လက်ဖက်ရည်ကိုအေးဆေးသောက်လိုက်ကာ စစ်ယီတို့ကိုမေးခွန်းထုတ်လိုက်သည်။ စစ်ယီက ဖခင်ဖြစ်သူအား ခေါင်းအရင်ငြိမ့်ပြလိုက်သည်။

”ဟုတ်ပါတယ် ကျွန်တော်တို့လေးယောက်နဲ့ ရဲမတ်တွေပဲသွားမှာပါ”

              တိုင်းပြည်ကတစ်ခုနှင့်တစ်ခုသိပ်တော့ မဝေးလှပေ။ပြီးတော့ စစ်ယီက သူတို့ကြောင့်နှင့် အခြားလူတွေ ပင်ပန်းမှာကိုမလိုလားပေ။ သွားဖို့ခေါ်ထားသည့်ရဲမတ်တွေကလည်း မင်းကြီးကို ကာကွယ်ဖို့ ခေါ်ထားခြင်းပါလေ။

အရှင့်ကြင်ရာတော်(BL)[Complete]Where stories live. Discover now