အပိုင်း(၁၉)

2.9K 253 2
                                    

>Unicode<

”ဝုန်း”

         လန်ရင်း၏အဆောင်တံခါးကို တွန်းဖွင့်ထားသော အသံကြောင့် အထဲမှလူတွေ အကုန်လန့်သွားမိသည်။

”မင်းကြီးကိုကျွန်တော် ဂါရဝပြုပါတယ်”

         လန်ရင်းက ချီမင်းကိုဂါရဝပြုလ်ိုက်ပြီး ဆိုလေသည်။ အခုနောက်ပိုင်းမင်းသား လန်ရင်းက သူ့အပေါ်ရို့က်ျိုးလာသည်ကို သတိထားမိသည်။

”မင်းလား”

           ပေါက်ကွဲလာမည့်ဒေါသတို့ကို ထိန်းလိုက်ရင်း တည်ငြိမ်စွာပင် ချီမင်းကဆိုလိုက်တော့ လန်ရင်းက ဘာမှန်းမသိသည့်နှယ့် မင်းကြီးကိုမော့ကြည့်သည်။

”မင်းကြီးက ဘာကိုပြောတာလဲ”

”ဒုန်း”

         ထပ်မံစားပွဲခုံကိုထပ်ထုလိုက်သော အနှီမင်းကြီးကြောင့် လန်ရင်းပင်လျှင်ထပ်မံ၍ တုန်လှုပ်မိပေသည်။ တုန်လှုပ်နေသောစိတ်တို့ကို ထိန်းလိုက်ကာ လန်ရင်းကစိတ်ထဲမှာ ကြိတ်ပြုံးလိုက်မိပြီး ချီမင်းရင်ခွင်ထဲ ယိုင်ကျဟန် လုပ်လိုက်သည်။

”မင်းသားလေး...သတိထားပါ”

          ဘေးမှအထိန်းတော်က အော်လိုက်သည်။ ထိုကိစ္စကသက်သက်လုပ်နေမှန်း ချီမင်းသိပေသည် သို့ပေမယ် သူ့ရင်ခွင်ထဲက လန်ရင်းမှာမေ့လဲနေသလို ဖြစ်နေ၍ချီမင်းသက်ပြင်းချသည်။

”သမားတော်သွားခေါ်”

”အမိန့်အတိုင်းပါ မင်းကြီး”

         ထိုအထိန်းတော်ကလဲ အမိန့်ကြားသည်နှင့် သမားတော်ကို သွားခေါ်လိုက်သည်။ ချီမင်းကတော့ သူ၏ရင်ခွင်ထဲတွင် စစ်ယီကလွဲရင် ဘယ်သူ့က်ိုမှ မထည့်စေချင်သည့်အတွက် လန်ရင်းကို ကုတင်ထက်တွင် ချလိုက်ကာ သူကတော့ ထိုင်ခုံတွင် ထိုင်နေပြီးသမားတော်ကို စောင့်နေတော့သည်။

ဟန်ဆောင်နေတာဆိုရင်...မောင်မင်းကို ခွင့်မလွှတ်နိုင်ဘူး။

          ခဏကြာတော့ သမားတော်မုချင်းက ရောက်လာပြီး မင်းကြီးကို အရိုအသေပြုလိုက်သည်။ ဘာများထပ်ဖြစ်ပြန်ပြီလဲဟု မုချင်းတွေးလိုက်မိပေမယ့် ချီမင်းက ကြည့်ပေးလိုက်ဆိုတဲ့ အကြည့်ဖြင့် လန်ရင်းဆီကို မေးငေါ့ပြလိုက်သည်။

အရှင့်ကြင်ရာတော်(BL)[Complete]Where stories live. Discover now