ဇာတ်သိမ်းပိုင်း

7.7K 330 2
                                    

>Unicode< 

             အပိုင်း(၂၈){ဇာတ်သိမ်းပိုင်း}

”ကျွန်မကို အပြစ်ပေးပါ”

              အားရှင်းခွင့်လွှတ်ဖို့မပြောရက်ပါ။ သူမကြောင့်သာ မင်းသားလေး ယခုလိုဖြစ်သွားတာမှတ်လား။

”ဘာတွေကျူးလွန်ခဲ့လဲ အစအဆုံးပြောပြ”

            အကုန်လုံးကို ရိပ်မိပေမယ့် ချီမင်းက ကိုယ်တိုင်အပြစ်ဝန်ခံတာကိုသာ လိုချင်သည့်အတွက် မေးလိုက်သည်။
            အားရှင်းလည်းဒူးထောက်လိုက်ပြီး သူမအစကမင်းသားလန်ရင်းကို မင်းကြီးအချစ်ရယူရန် ဖိအားပေးခဲ့တာရော သူမမင်းသားလန်ရင်းကို အရောင်ဆိုးခဲ့တာရော အကုန်အစမှအဆုံးအထိ လျှောက်တင်လိုက်သည်။

”မင်းသားလေးဆုံးတဲ့အကြောင်းသာ သူ့ဖခင်သိသွားရင် ဝမ်းမနည်းတဲ့အပြင် ပျော်တောင်ပျော်မှာပါ”

            အထိန်းတော်စကားကြောင့် ချီမင်း မျက်မှောင်ကြုတ်သွားသည်။ ဘယ်ဖခင်ကသူ့သားဆုံးတာကို ဝမ်းသာမှာလဲ။ အဲ့လိုမျိုးရှိလို့လား။

”တကယ်တော့ မင်းသားလေးရဲ့ခမည်းတော်က မင်းသားလေးကိုသားလို့သဘောမထားဘဲ သူ့သားအကြီးရဲ့ပြိုင်ဘက်လို့သဘောထားတာပါ.... ဒါကြောင့် တစ်ဖက်လက်နဲ့ အခြားတိုင်းပြည်ကို နှင်ထုတ်ခဲ့တာ...မင်းသားလန်ရင်းတင်မကဘူး အခြားမင်းသားတွေကိုရောပဲ ”

            မင်းသားလေးရဲ့အကြောင်းကို အားရှင်းက သေချာရှင်းပြလိုက်လေသည်။ စစ်ယီလည်း အားနာရုံကလွဲ ဘာမှမတတ်နိုင်။ အနည်းဆုံးတော့အားနာသည့်စိတ်ကြောင့် သူတစ်ခုလုပ်ပေးမှရမည်။

”ချီမင်း...ကတိအတိုင်းအပြစ်လျော့ပေါ့ပေးလိုက်ပါ”

            အပြစ်မပေးပါနဲ့လို့ပြောရင် မရဘူးဆိုတာသိသောကြောင့် စစ်ယီက အပြစ်လျော့ပေါ့ဖို့ပဲ တောင်းဆိုလိုက်သည်။ ချီမင်းကကား သက်ပြင်းချလိုက်ကာ စစ်ယီသဘောအတိုင်းလုပ်လိုက်သည်။

”မင်းသားလန်ရင်းအထိန်းတော်ဟာ အပြစ်ရှိတယ်ဆိုပေမယ့် အပြစ်ဝန်ခံခဲ့ပြီး ကိုယ်တော့်စစ်ယီကို ကယ်တင်ခဲ့တယ်ဆိုတာကြောင့် မင်းသားလန်ရင်းရဲ့နာရေးပြီးတာနဲ့ နယ်နှင်ဒဏ်ကျခံစေ...မင်းသားလန်ရင်းရဲ့ နာရေးကိုတော့ အပြစ်သားလို မိဖုရားလိုမလုပ်ဘဲ မင်းသားတစ်ပါးလို စီရင်လိုက်ပါ”

အရှင့်ကြင်ရာတော်(BL)[Complete]Where stories live. Discover now