အပိုင်း(၁၈)

3K 256 3
                                    

>Unicode<

”စစ်ယီ သက်သာရဲ့လား”

          အဆောင်တံခါးဖွင့်ကာ ဝင်လာသော ချီမင်းပါလေ။ ဒါကိုမြင်တော့ စစ်ယီ၏ဘေးတွင် သွေးကြောစမ်းနေသော မုချင်းကထလိုက်ပြီး ဦးညွှတ်လိုက်သည်။ စစ်ယီကတော့ ကုတင်ကိုမှီပြီး ထိုင်နေလေသည်။

”ဘာမှမဖြစ်တော့ပါဘူး”

         မျက်နှာဖြူဖတ်နေပေမယ့် စစ်ယီကပြုံးလိုက်ပြီး ပြောလိုက်သည်။ ချီမင်းက စစ်ယီအနားကပ်လာပြီး လက်ကလေးကို ယူလိုက်ပေမယ့် လက်ကောက်ဝတ်ဆီ အကြည့်အရောက်တော့ သူထိတ်လန့်သွားသည်။

”ဒီအတိုင်း ဓာတ်မတည့်တဲ့အစာဖြစ်သွားလို့ပါ”

            အနီအကွက်တွေဖြစ်တာဟာ ဓာတ်မတည့်သောကြောင့်ဟု ချီမင်းကို မုချင်းပြောလိုက်သည်။ သို့ပေမယ့် ချီမင်းဟာ စစ်ယီကိုစိတ်ပူမိတုန်းပါ။

”မင်းကြီးကိုအရဲစွန့်ပြီးပြောပါရစေ။ ကျွန်တော့်သားလေးမှာ နှင်းပွင့်ရွက်နဲ့မတည့်တာ သိပါသလား”

           အနောက်ကကုန်းရှဲ့ကတော့ သမားတော်မုချင်းရဲ့စကားကြောင့် ထိုဘုရင်က သူ၏သားတော်လေးကို ဂရုမစိုက်ဘဲနေတယ်ဟု ထင်သွားရင်ထင်သွားနိုင်ပေမည်။ သို့ပေသော်လည်း ချီမင်းက အဘယ့်သိုများစစ်ယီကို ဂရုမစိုက်ဘဲ နေပါပေလိမ့်မလဲ။

”ကိုယ်တော်သိပါတယ် သမားတော်မုချင်းရော စားဖိုဆောင်ကလူတွေရောသိပါတယ် ဒါပေမယ့် ဘာလို့... ”

             ချီမင်းပြောနေတုန်းပင် မုလန်နှင့် ကိုယ်ရံတော်ပင်းလျန်က ရောက်လာပေသည်။ မင်းကြီး၏စိတ်ပူမှုကိုတွေ့ရတော့ မိဖုရားခေါင်မှာ တစ်ခုခုဖြစ်နေသည်ကို သိမိလေသည်။ ကြည့်ရတာ သူမိဖုရားခေါင်၏ ကိုယ်ရံတော် လုပ်ရတော့မည်ထင်သည်။

”အထိန်းတော် သားတော်လေး ဘယ်ကဘယ်လို စဖြစ်တာလဲပြောပြပါလား”

            အနောက်က မုလန်ကိုတွေ့တော့ ကုန်းရှဲ့လည်းသူ၏သားတော်ရဲ့ အထိန်းတော်မှန်း သိ၍မေးလိုက်သည်။ သူမကအကုန်လုံးကို ဦးညွှတ်လိုက်ပြီး စားပွဲခုံပေါ်တွင် တင်ထားသော ဆေးပန်းကန်ကို ယူလာပြီး မုချင်းက်ိုပေးလိုက်သည်။ ပေးပြီးသည်နှင့် သူမကနောက်ပြန်ဆုတ်သွားပြီးမှ မင်းကြီးတို့ကို လျှောက်တင်လိုက်သည်။

အရှင့်ကြင်ရာတော်(BL)[Complete]Where stories live. Discover now