အပိုင်း(၂၇)

3.9K 262 1
                                    

>Unicode<

”စစ်ယီ...ကိုယ်ရှင်းပြတာ နားထောင်ပါဦး”

         ချီမင်းကားစစ်ယီအနောက်သို့ မှီအောင်လိုက်ပေမယ့် မမှီနိုင်ပေ။ ကိုယ်ဝန်နဲ့ ဒီလောက်အပြေးမြန်နေရင် ကလေးတစ်ခုခုဖြစ်မှာ စိုးရိမ်စရာပင်။

”အယ်...မိဖုရားခေါင်က ကိုယ်ဝန်ကြီးနဲ့ ပြေးလွှားနေတာလား”

         အဆောင်တော်အရှေ့နားလောက် ရောက်နေသော မုချင်းနှင့်ပင်းလျန်တို့က စစ်ယီပြေးနေတာမြင်တော့ သတိပေးလိုက်ပေမယ့် စစ်ယီကကား သူတို့ကိုဂရုမစိုက်ဘဲ အဆောင်ထဲဝင်ပြီးတံခါးပိတ်ချလိုက်တော့သည်။

မုချင်း:”....”

ပင်းလျန်:”....”

           တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ မုချင်းတို့စွံ့အနေမိသည်။ သူတို့နှစ်ယောက်စလုံးက တွေးမိတာကတော့-

နေပါဦး... မိဖုရားခေါင် ဘာဖြစ်လာတာလဲ။

”စစ်ယီ ကိုယ်ရှင်းပြတာ နားထောင်ပါ....ကိုယ်နဲ့မင်းသားလန်ရင်းက စစ်ယီမြင်သလိုမျိုးမဟုတ်ပါဘူး”

           မင်းကြီးကလည်း မသိချင်ယောင်ဆောင်ပြီးဖြတ်ကျော်ကာ အဆောင်တံခါးဝဆီသွားလိုက်တော့ မုချင်းနှင့်ပင်းလျန်တို့မှာ မင်းကြီးတို့ တစ်ခုခုဖြစ်လာမှန်းကို သိတော့သည်။

”ကျွန်တော့်ကို ရှင်းပြစရာမလိုပါဘူး....ကျွန်တော် နားလည်ပါတယ် ”

              စစ်ယီနားလည်ပေးနိုင်သည်။ ဘာပဲဖြစ်ဖြစ် ဒါဟာချီမင်း ရွေးချယ်ခဲ့တာပဲလေ။ အကယ်၍ ချီမင်းဟာ သူ့ကိုပစ်ပြီး လန်ရင်းကို ရွေးချယ်ခဲ့ရင်တောင် စစ်ယီနားလည်ပေးနိုင်သည်။ သို့ပေမယ့် ချီမင်းက အခုလိုနောက်က လိုက်လာစရာမလိုပေ။

              မျက်ဝန်းထက်က ကျလာမည့် မျက်ရည်စတို့ကို ထိန်းထားမိသည်။ ယခုလို ပျော့ညံ့သည့်ပုံကို ချီမင်းအားမပြသချင်သောကြောင့် စစ်ယီထွက်ပြေးမိတာပါ။ ဒါကိုချီမင်းက အနောက်ကလိုက်ဖြစ်အောင်လ်ိုက်လာသေးသည်။

”စစ်ယီက ကိုယ့်ကိုမယုံတော့ဘူးလား”

          အထဲမှစစ်ယီကြားရုံသာ ခပ်တိုးတိုးလေးပြောလိုက်သည်။

အရှင့်ကြင်ရာတော်(BL)[Complete]Dove le storie prendono vita. Scoprilo ora