Part - 35 ( Uni + ZG)

22.6K 1.5K 95
                                    

Uni

အမှောင်ထုဆီမှ အလင်းသို့ရောက်ရှိရန် မျက်လုံးများဝိုးတဝါး
ပွင့်လာခဲ့လေသည် ။ မျက်စိကို စူးစေသော အလင်းကြောင့်
လက်ဖြင့်ကာခါ ဖြည်းဖြည်းချင်း ဖွင့်ကြည့်တော့ ။

ကုတင်ပေါ်ခေါင်းတင်ကာ ကိုယ့်လက်ကို ဆုပ်ကိုင်ရင်း
အိပ်ပျော်နေသောလူသားတစ်ယောက် ။

ဆုပ်ကိုင်ထားသောလက်ကလေး လှုပ်ခတ်သွားတာကြောင့်
အံ့သြသည်ထက် ပျော်ရွှင်စွာ မော့ကြည့်မိသည် ။

" က...ကလေးငယ်! "
ဝမ်းနည်းမှုနဲ့ ပျော်ရွှင်ခြင်း ရောယှက်နေသောအသံ မျက်လုံးအိမ်တွေကလည်း ရဲတွတ်နေလေသည် ။

" က..ကလေးငယ်လေး နိုးလာပြီလား "
" ဟုတ်...ဟုတ်ကဲ့ခင်မျ ဒါနဲ့.... ဖွားဖွားရောမသိဘူး"

" ဖွားဖွား တို့က အိမ်ခဏပြန်သွားတယ်ကလေးရဲ့ "
" ကျွန်..ကျွန်တော့်ကိုရေ နည်းနည်းလောက် တိုက်..တိုက်ပါလား"

" အင်း ခဏလေးနော် ဦး ယူပေးမယ် "
ကမ်းပေးသော ရေတစ်ခွက်ကို အနည်းငယ်သောက်လိုက်ပြီး

" ဦး..ဦးလေးကြီးက ဘယ်သူလဲဗျ "

ရှေ့မှ မသိသလို ကြောင်တောင်တောင်လေးကြည့်ကာမေးနေသောကောင်ငယ်လေးကြောင့် အံ့သြကာ

" ဘယ်...ဘယ်လို က...ကလေးငယ် "
"......."

" ကလေးငယ် ဦး...ဦးလေ ကလေးလေးရဲ့ ကလေးငယ်ရဲ့
ဦးလေ ကလေးငယ် 9နှစ်ကျော်တောင် စောင့်ပြီးချစ်ခဲ့ရတဲ့ဦးလေ စဉ်း...စဉ်းစားကြည့်ပါအုံးကလေးရယ် "

မျက်ရည်တွေဝဲကာ ပြောနေသော လူသား ဟင့်အင်း.. သူ့ကို
ကျွန်တော် မသိဘူး ။ ထွန်းသစ္စာဆိုတဲ့ကျွန်တော်က သူ
ဘယ်သူလဲဆိုတာကို တကယ်မသိပါဘူးဗျာ

" ခေါင်းကိုက်လိုက်တာ ကျွန်..ကျွန်တော် ခဏအိပ်အုံးမယ်"

ဘယ်လို...ဘယ်လိုဖြစ်တာလဲ ကလေးငယ်ရယ် ဦး..ဦးကို
ပြန်ပြီး ပြစ်ဒဏ်ခတ်နေတာလား ရင်တွေနာလိုက်တာ..

ကိုယ်အရမ်းချစ်ရတဲ့လူက ကိုယ့်ကိုမေ့လျော့သွားတယ်ဆို
ရင်ဒီလိုကြီးခံစားရတာလား ဒါဆို..ဒါဆို ကလေးငယ်ကရော
ဒီလိုကြီးခံစားခဲ့ရတာလား ငါ့...ငါ့ကြောင့်လေ

❣ချစ်သော ဦး ❣ S 1  ( Completed )Where stories live. Discover now