Part - 9 (Uni+ZG)

33.8K 1.9K 91
                                    

Uni

" အာ့!!!"

" နိုးပြီလား ကောင်လေး "

အော်...ညကကြတော့ ကလေးငယ်တဲ့
အခုကြတော့ ကောင်လေးတဲ့လား
အပြောင်းအလဲ မြန်လိုက်တာ ဦးရယ်

" ဦးက လူယုတ်မာကြီး ဟင့်..."

" ဘာယုတ်မာလို့လဲ "

" ဦးပဲ မြွေမကြောက်ပဲ မြွေချစ်အောင်သင်ပေးမယ်ဆို"

" အင်းလေ သင်ပေးတယ်လေ မင်းပဲ မေ့သွားပြီးတော့"

" အဲ့တာ မြွေမှ မဟုတ်တာဗျ "

" အဲ့တာဆို ဘာလဲ ပြောပါအုံး "

" ဟို....ဟို... "

" ကဲ ပြောလေ "

" မြွေမဟုတ်တဲ့ မြွေ "

" ဟား.... ဟား "

လူယုတ်မာကြီး အီးဟီး....
တော်ပါပြီ နောက်ကြ မြွေဆို မချစ်ချင်တော့ဘူး

မြွေတိုင်းက ကြောက်စရာကောင်းတယ်
လောကမှာ ချစ်စရာကောင်းသော မြွေဆိုတာ မရှိဘူး ။

" အာ့! !"

ခါးကျိုးသွားတာလားမသိဘူး
ငါကိုယ်က နုံလွန်းတာပါ ဒီလောက် လုပ်နေတာတောင်
မြွေကို ချစ်ကြည့်ချင်နေသေးတာ ငါနုံလွန်းလို့ အခုလို
ခံရတာ ဟင့်.......။

" မထနဲ့ ငါချီမယ် မင်းထနိုင်မှာမဟုတ်ဘူးတဲ့ "

" ဟမ်! ! ဘယ်သူကပြောတာလဲ "

" အောင်ချမ်းပြောတာ "

" ဦးက ဘာလို့ သူ့ကိုသွားပြောတာလဲ "

" Oh! ငါမှ အတွေ့အကြုံမရှိတာကွ သူကဆရာကြီး
မင်းကြောင့် ငါအောက်ကျခံလိုက်ရတယ် နောက်မှ
မင်းကို အပြစ်ထပ်ပေးရမယ် "

" ဟာ! အဲ့တာ ဦး လုပ်လို့ဖြစ်တာလေ "

" လျှာပြန်ရှည်မနေနဲ့ မြွေထပ်အောင်းလိုက်လို့
အသက် ဖင်ကထွက်မှန်းမသိ ထွက်သွားမယ် "

လူယုတ်မာ ဦးလေးကြီး
ထပ်ပြောရင် အလုပ်ခံရတော့မှာသိသည်မို့
စိတ်ထဲတွင်သာပြောရင်း သူချီခေါ်ရာနောက်သို့
တိတ်ဆိတ်စွာ လိုက်ပါခဲ့ရသည် ။

" ထိုင်နေ ဒီမှာပဲ ငါအဝတ်အစားယူလိုက်အုံးမယ်"

" ဟုတ်ကဲ့ "

❣ချစ်သော ဦး ❣ S 1  ( Completed )Where stories live. Discover now