Part - 24 ( Uni + ZG)

23.5K 1.7K 180
                                    

Uni

Rose နဲ့မပတ်သတ်ချင်ဘူးသို့ပေမဲ့ အဖိုးမျက်နှာကလည်း ရှိသေးတယ် ပြီးတော့ ကလေးကိုယ်ဝန်ရင့်လာရင်လည်းသူ့အနားမှာ ကိုယ်တိုင်နေပြီး ပြုစုမှရမည် ။ ဒါကြောင့် Rose ကို အလုပ်ထဲမှာ ထားဖို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

အိမ်ကိုခေါ်တာ အလုပ်အကြောင်း ရှင်းပြ သင်ပြ လိုအပ်တာတွေအကုန် ပြောပြရန်ပင်ဖြစ်သည်။

အခုကတည်းက သေချာပြထားမှ ကလေးမွေးခါနီးအချိန်နဲ့ ကလေးမွေးပြီးတဲ့အချိန်တွေမှာ အလုပ်ကိုမျက်နှာလွှဲပြီး အချိန်ပြည့် က​လေးငယ်ရဲ့နားမှာ ပြုစုပြီးနေနိုင်မည်မဟုတ်လား။

အလုပ်စားပွဲတွင် မနက်ဖြန်အတွက် Rose ကို စသင်ပေးရန် လိုအပ်တဲ့ စာရွက်စာတန်းတွေကို ရှာဖွေ နေရသည်။

" ဦးရေ.... ဦး "

ဟော လာပါပြီ အသံ စွာစွာနဲ့ တဦးထည်းဦးအော်နေတယ် လူတော့မရောက်သေးဘူး အသံက ရောက်နေပြီ ။

" ဦးရေ........"
" ဗျာ......"

" ဦးကလည်း သားခေါ်နေတာ ကြာနေပြီ ဘာလို့ မထူးတာလဲ ပြောပြောပြော "

နှုတ်ခမ်းတထော်ထော်နဲ့ပြောရင်း ပေါင်ပေါ်ကိုထိုင်ပြီး လည်ပင်းကိုသိုင်းဖက်လိုက်တဲ့ကောင်လေး

Hoodie အကျႌအနက်လေးကိုဝတ်ထားကာ အသားဖြူလွန်းတာကြောင့် အနက်ထဲမှ ပေါ်နေသော ဖြူ ဝင်းနေတဲ့လည်တိုင်လေးက လူကို မြူဆွယ်နေသလိုပင်

" ဦး စာရွက်တွေ စုနေတာကလေးရဲ့ အဲ့တာကြောင့်ပါ စိတ်မဆိုးပါနဲ့ "

" မရပါဘူးဆိုးတယ် ! ချော့တော့ "
" ဟီး.... ဦး မချော့တတ်ဘူး "

" ဟာ!!! ဒါလေးတောင်မချော့တတ်ဘူးလား "
" ဟင့်အင်း "

" အဲ့တာဆို စိတ်ဆိုးမပြေ အွင့်!--"
" ပြွတ်စ်! ပြွတ်စ်! ပြွတ်စ်! "

" ဥ....."
" ......"

" ဦးကလည်း...ဘာလုပ်တာလဲမသိဘူး"
" ချော့တာလေ "

" အဲ့တာချော့တာမှမဟုတ်တာ နမ်းတာကြီးကို "

" မသိဘူး ဦးက အဲ့လိုပဲ ချော့တတ်တာ "
" ဒါဆို သားစိတ်ဆိုးရင်အမြဲတမ်း အဲ့လိုချော့မှာလား "

❣ချစ်သော ဦး ❣ S 1  ( Completed )Where stories live. Discover now