Part -17 (Uni + ZG)

26.3K 1.8K 51
                                    

Uni

ကလေးငယ်နဲ့လက်ထပ်တာ ဒီနေ့ 2 လပြည့်ပြီ
အံစွဲထဲမှ လက်စွပ်ကလေးကို ထုတ်ကာကြည့်ရင်း။

'ချစ်တယ် ကလေးလေး ပြီးတော့ ကျေးဇူးလည်းတင်တယ်
ဦးရဲ့ ဘဝထဲကို ဝင်လာပေးလို့ ။ မင်းက အိပ်မက်ထဲက
ကလေးလေးနဲ့ အရမ်းတူတယ် ဆံပင်အစ အသားအရေ
မျက်လုံးလေးတွေကလည်း မင်းဖြူ စင်ကြောင်းပြသနေသလိုပဲ '

~ Ring Ring ~

" Hello ဖွားဖွား "

" $%&#^*^%$"

" နှစ်လတောင်လား ဖွားဖွားရယ် "

"$%%#%^&"

" ဟုတ်ကဲ့ စိတ်ချပါဖွားဖွား "

" %$$%#$%^"

" ဟုတ်ကဲ့ သားပြောလိုက်ပါ့မယ် "

ဟူး.......... ကလေးငယ်နဲ့ အေးဆေးနေပါမယ်ဆိုမှ
အဖွားရဲ့ လုပ်ငန်းတွေကို ဝင်လုပ်ပေးရအုံးမယ် ။

စိတ်တွေရှုပ်လိုက်တာ ကွာ...... ခေါင်းကိုသာစုံကုတ်ရင်း
စာရွက်စာတန်းများကို ရှာဖွေကာ အလုပ်ကြိုလုပ်ရန်ပြင်ဆင်ရတော့သည် ။

" ဦး! !"

" အင်း "

" သားကို အပြင်လိုက်ပို့ပါလား "

" ငါ မအားဘူး "

" ဦးကလည်း လုပ်ပါ သားဝယ်စရာလေးရှိလို့ နော်နော် "

" နောက်မှ ဝယ်ပါလားကွာ ငါအလုပ်ရှုပ်နေတယ် "

" ဦးကလည်း မရလို့ပေါ့ ဒီနေ့လိုချင်တာ နော်နော်နော် "

" ဟာကွာ! !!! မင်း အရမ်းညောင်တာပဲ လိုက်မပို့နိုင်ဘူး
ငါအလုပ်လုပ်နေတယ် လာမရှုပ်နဲ့သွား "

မနက်နဲ့ နေ့လယ် အပြီးလုပ်မှ ညကြကလေးနဲ့အေးဆေး
ဖက်အိပ်လို့ရမှာ ဖြစ်သည်။ ဒီနေ့မပြီးရင် ညဘက်ပါဆက်လုပ်ရမှာ ဒါကြောင့် အသည်းအသန် အလုပ်လုပ်နေတုန်း လာညောင်နေတဲ့ ကလေးကို အော်လိုက်မိသည်။

သားက အရေးမပါဘူး ဦး
ဦးအတွက် သားက ဘယ်အရာထပ်မှပိုပြီးအရေးမပါဘူး။

' သားက ဦးကို လက်ဆောင်ပေးချင်ရုံပါ '
ဘာကြောင့်ရယ်မှန်းမသိ ဝမ်းနည်းမိသည် ။

❣ချစ်သော ဦး ❣ S 1  ( Completed )Where stories live. Discover now