Part - 20 (Uni +ZG)

25.2K 1.8K 140
                                    

Uni

ထူးဆန်းသည် အရင်တစ်ခါက တစ်လမ်းလုံး ကိုယ့်ရဲ့မျက်နှာပဲစိုက်ကြည့်နေတဲ့ကောင်လေးက အခုတော့အရှေ့ကိုသာ စိုက်ကြည့်နေသည် ခေါင်းပင် နည်းနည်းမှစောင်းမလာခဲ့

' ဒါက ဘယ်လိုအပြုအမူမျိုးလဲကလေးငယ် ဒီလိုအပြုအမူတွေက ဦးကို အရူးတစ်ယောက်လို ဒေါသတွေထွက်ပြီးစိတ်မကျေမချမ်း ဖြစ်စေတယ် တော်ပါတော့ ဒီလိုအပြုအမူကြောင့်မင်းကို ထိခိုက်အောင်တွေ လုပ်မိတော့မယ်

ဦးကိုပဲ ကြည့်လိုက်ပါလားကလေးငယ် ဦးဘက်ကိုလှည့်ပြီး
ဦးတစ်ယောက်ထည်းကိုပဲ အာရုံစိုက် အလေးထားလိုက်ပါလားကွာ '

သို့သော်လည်း ခေါင်းပင်စောင်းမလာ မျက်လုံးပင်ဝေ့မလာ
သည်မှာ အိမ်သို့ ပင်ရောက်ရှိခဲ့ပြီ မဟုတ်လား

လက်ကိုဆွဲကာ ခြေလှမ်းကျဲများဖြင့် အပေါ်သို့တက်လာကာ
အခန်းထဲ သို့ရောက်သည်နှင့် တစ်ပြိုင်တည်း

" မင်း ဘာစောက်ချိုးချိုးတာလဲ ထွန်းသစ္စာ! !"

" ကျွန်တော်ဘာလုပ်လို့လဲ "

" မင်းငါ့နောက်ကွယ်မှာ အဲ့ကောင်နဲ့.. အဲ့ကောင်နဲ့.. ကွာ!!"

" ကျွန်တော်ပြောပြရင်ရော ဦးက ယုံမှာမို့လို့လား"

မျက်နှာကို မကြည့်ပဲ သားတောင်မဟုတ် ကျွန်တော်လို့ ပြောနေသောကောင်လေးကြောင့် ဒေါသတွေ ပိုထွက် လာရသည် ။

" ပြောပြစရာလိုသေးလို့လားဟမ်! !! ငါ့ဒီမျက်လုံးတွေနဲ့ မြင်ခဲ့တာလေ မင်းက ဘာတွေများပြောပြအုံးမလို့လဲ ဘာလဲ ငါ့ကိုလာမကြိုခိုင်းတာ မင်းတို့ hotel ဆက်သွားမဲ့ အကြောင်းကို ပြောပြမလို့လား ဟက်လား! !"

" ဦး ကျွန်တော့်ရဲ့သိက္ခာကိုမစော်ကားနဲ့! !!"

" မင်းငါ့ကို ပြန်မအော်နဲ့! !!!! မင်းမှာ သိက္ခာဆိုတာရော ရှိသေးလို့လားဟမ် လင်ရှိနေတာတောင် နောက်ကွယ်မှာ--"

စကားပင်မဆုံးသေး
" ဟင့်အင်းဦး ကျွန်တော့်မှာ အရှက်တွေ သိက္ခာတွေမရှိဘူးဘာလို့ဆို ကျွန်တော့်ရဲ့တစ်ကိုယ်လုံး ဦးကို ချစ်တဲ့အချစ်တွေနဲ့ ပြည့်နှက်နေတာကြောင့် အဲ့တာတွေထားဖို့အတွက် နေရာမရှိတော့ဘူး ဒါကြောင့် မရှိဘူး "

❣ချစ်သော ဦး ❣ S 1  ( Completed )Where stories live. Discover now