Part - 32 (Uni+ZG)

23K 1.6K 270
                                    

Uni

ဒီနေ့ဆေးရုံဆင်းရမဲ့ရက်ပဲ ဘာလိုလိုနဲ့ ဆေးရုံမှာ နေနေရတာ တစ်ပတ်တောင်ရှိပြီ

" စဉ်းစားမနေနဲ့ ကျွေးနေတာကိုစား လူကောင်က ပိစိလေးပဲ
ကျန်တော့တယ် လက်တစ်ဆုပ်စာတောင်မရှိတော့ဘူး "

" ဦး က--"
~ Ring Ring~

" ခဏလေးနော် "
" ဟုတ် "

" ဟလို Rose! "

အော်... Rose တဲ့လား ။ အေးလေ ကျွန်တော့်နားမှာ ဘယ်ပြောချင်မလည်း မင်းဘာတွေမျှော်လင့်နေတာလည်းထွန်းသစ္စာ ဒီတလောကောင်းနေတာတွေက မင်းဆေးရုံတက်နေရလို့ ဆိုတာ မင်းသိရဲ့နဲ့ ဘာတွေမျှော်လင့်နေလဲ

ဟူး!!.ပင်ပန်းလိုက်တာဦးရယ်.............

" မြေးငယ်လေး!!"
" အော်! ဖွားဖွား"

" ဘာတွေတွေးနေတာလဲ "
ပြောလည်းပြော ဖွားဖွားက ဘေးနားလာထိုင်ကာ

" စိတ်မကောင်းဖြစ်မနေပါနဲ့မြေးရယ် ကလေးလေးက သူကံ
နဲ့သူ ဖြစ်ချိန်တန်လို့ ဖြစ်သွားခဲ့တာပဲ ဘာမှစိတ်ထိခိုက်မနေနဲ့"

" ကျေးဇူးပါ ဖွားဖွား သားကိုစိတ်မဆိုးလို့"
" စိတ်ဆိုးစရာလားငါ့မြေးလေးရယ် "

ခေါင်းလေးကိုဖွဖွလေးပွတ်ကာ နှစ်သိမ့်ပေးရင်း
" စိုင်းဧက္ကရာဇ်ရော "

" ဖုန်းသွားပြောတယ် ဖွားဖွား "
" ခဏနေ ရှင်းသန့်တို့လည်း လာမယ်ပြောတယ် မြေးငယ်လေး ဖွားဖွားနဲ့ အိမ်တော်မှာလိုက်နေ "

" ဗျာ! !"
" အဲ့ကောင်ဆီမှာ နေမနေနဲ့ မြေးတို့ဆက်ဆံရေးကြည့်က
တည်းက မြေးလေးပျော်မနေဘူး အဆင်ပြေမနေဘူးဆိုတာသိတယ်

ဒါကြောင့် ဖွားဖွားနဲ့ပဲလိုက်နေ အဲ့ကောင်နဲ့ ဖွားဖွား ကွာရှင်း
ပေးမယ် မြေးလေးကို ဖွားဖွားအနားမှာပဲထားမယ် "

အကြင်နာတရားမရှိဘူးပဲပြောပြော မြေးအရင်းထက် ပိုနေတယ်ပဲပြောပြော ဒီကလေး ခံစားခဲ့ရတာတွေက ကိုယ်တစ်
ယောက်ပဲ သိနိုင် မြင်နိုင်ခဲ့သည်။

ဖုန်းလည်းမပြောရ ဘာအဆက်အသွယ်မှမရှိဘဲ ဓာတ်ပုံလေးကိုသာကြည့်ပြီး အဝေးက ချစ်နေတာ ။ သူ့တစ်ယောက်ကို တစ်ကမ်ဘာထင်ခဲ့တဲ့ကလေးလေးကို သူ့လက်ထဲပစ်ထည့်ခဲ့တာအခုလို ဒီကလေးငယ် ထိခိုက်ဖို့ ငိုကြွေးဖို့မှမဟုတ်တာ...

❣ချစ်သော ဦး ❣ S 1  ( Completed )Where stories live. Discover now