Part - 33 (Uni+ZG)

23.1K 1.6K 182
                                    

Uni

" ဦး..."

"......"
" ဦး အိပ်နေပြီလား "

"....."
တကယ်အိပ်နေပြီပဲ

" ဦးရဲ့ကလေးကိုမလိုချင်ရင် သားက အလေးခံပြီး​တော့ 5လကျော် သယ်ထားပါ့မလားဦးရယ်

တကယ်တမ်းသာ ဖျက်ချဖို့ရည်ရွယ်ပြီးလုပ်ခဲ့ရင် သားရဲ့
လက်အဆစ်လွဲခံပြီးတော့ ထောက်ခဲ့ပါ့မလား

ဦးကစောင့်နေပါဆိုလို့သားစောင့်ခဲ့တယ်လေဦးရယ် 9နှစ်ကျော် ဦးဘက်က သားကိုသတိရလားမရလားတောင်မသိပဲ
နေ့တိုင်း ဦးရဲ့ ဓာတ်ပုံကိုကြည့်ပြီး အလွမ်းဖြေခဲ့ရတာ ဦးသိရဲ့လား "

ကိုယ့်ကို ကျောခိုင်းအိပ်နေတဲ့ ဦးရဲ့ကျောပြင်ကို ကြည့်ကာ
ဝမ်းနည်းအက်ကွဲနေသော အသံတို့ဖြင့်

" ဦးပြန်လာတော့သားအရမ်းပျော်တာ အရမ်းပျော်ခဲ့တာဦး
ဒါပေမဲ့ ပျော်ရွှင်မှုတွေက ကြာကြာမခံခဲ့ဘူး

ပထမဆုံး ဦးဆီက ကြားရတာက ဦးက သားကိုမချစ်ဘူးတဲ့
ဒါ့အပြင်ကိုတောင် ဦးက သားဘယ်သူလဲဆိုတာတောင် မသိဘူးဆိုပြီး ငြင်းခဲ့သေးတယ်

ဒါပေမဲ့ သား ဦးကို ချစ်တယ်လေ ဦးကိုချစ်ရတာ အရမ်းပင်
ပန်းတယ်ဦးရယ် အရမ်းပင်ပန်းနေပြီ......."

ကျနေသောမျက်ရည်စ တို့ကိုသုတ်ကာ တခြားဘက်သို့ လှည့်အိပ်မည် လုပ်သောအချိန်တွင်

" အ မေ့!!"
" တော်တော့ အိပ်တော့ "
ရုတ်တရက် လှည့်လာကာ ရင်ခွင်ထဲ ဆွဲထည့်ခြင်းခံလိုက်ရသည်။

" သားကို လွှတ်ပါ ဦး "
" လွှတ်လိုက်ရင် မင်းက အိပ်မှာမို့လို့လား ကလေးငယ် "

" ဒါက..ဒါက "
" မနက်ကြရင် မင်းကို အဖွားခေါ်ထားတယ်မလား "

" ဟုတ်"
" အဖွားဆီ စောစောသွားစောစောပြန်လာခဲ့ရမယ် ။
ငါမင်းကိုခေါ်သွားစရာရှိတယ် ဒါကြောင့် အိပ်တော့ "

" ဟို..ဟို ဘယ်ကို-- "
" ပြွတ်စ်! ပြွတ်စ်! ပြွတ်စ်!"

ဆေးတွေ ဆေးတွေ ....ထပ်ပြီးမကျွေးပါနဲ့တော့လား
ဒီ့ထပ်အဆပေါင်းများစွာ ထပ်ခံစားရမှာကို ကြောက်လို့ပါ...

❣ချစ်သော ဦး ❣ S 1  ( Completed )Where stories live. Discover now