Part -16 ( Uni + ZG )

26.2K 1.9K 67
                                    

Uni

" ပြန်လာခဲ့နော် သားဆီ ပြန်လာခဲ့နော်
ဟင့်..... ဟင့်....သား စောင့်နေမယ်နော်

နော်...... နော်.......ပြန်လာခဲ့ပါနော်
သားဆီကို ပြန်လာခဲ့ပါနော် နော်......... "

စိုင်းရဲ့ရှေ့မှ လက်ကိုဆွဲကာလှုပ်ရင်း တောင်းဆိုနေသေ ကလေးလေး ငါ့ဆီမလာတာတောင် ကြာပြီနော် ကလေးလေးမင်းက ဘယ်သူလဲ ဘာကြောင့်အခုလိုတောင်းဆို ​နေရတာလဲ မငိုနဲ့ ကလေး ငိုတာ မင်းနဲ့မလိုက်ဖက်ဘူး....

ထို့နောက် ကလေးလေးတစ်ယောက်မှ 17 နှစ်ဝန်းကျင်
ကောင်ငယ်လေး အသွင်သို့ပြောင်းသွားပြီး

" ဦး....... "

ရုတ်တရက် ကြားလိုက်ရသောအသံ အရမ်းရင်းနှီးနေသည်။
အဖြူ ​ရောင်ဆံပင် နဲ့ ဖြူ ဝင်းနေသောအသားအရေလေး
အဖြူရောင် shirt ​လေးကို ဝတ်ထားတာ အရမ်းလိုက်ဖက်လွန်းသည်။

သို့သော်...မျက်နှာက မှုန်ဝါးလွန်းနေသည်

" ဦး....... " " ဂျိမ်း!!!!"

မိုးချုန်းသံနဲ့အတူ ဝေးကွာသွားသောအသံ
စိုင်းရဲ့ မျက်လုံးများ ဆက်ကနဲ ပွင့်လာခဲ့သည်။

နာရီကြည့်တော့ 9 P.M---

ထမင်းစားပြီးနောက် ခေါင်းကိုက်လာ၍ ခဏမှေးလိုက်ရာ အိပ်ပျော်သွားခြင်း ဖြစ်သည် ။ ဘေးနားကိုစမ်းကြည့်တော့ အေးစက်နေသော မွေ့ယာ ကလေးငယ် ခိုးပြီးလာမအိပ်ဘူးပဲ

တစ်ဖက်တွင်တော့......

အမှောင်ထုထဲတွင် ကောင်လေးတစ်ယောက်စောင်ကို ခေါင်းမြီးခြုံရင်း အော်ကာ ငိုနေသည် ။

" ဦးရေ...... သားကိုကယ်ပါ
သားကြောက်တယ် ဟင့်......အီးဟီး...."

ဦး ရက်စက်လွန်းသည် ညတိုင်း အိပ်မက်ထဲမှာ ဦးက သားကိုချစ်တယ်လို့ ပြောသည် ။ သို့သော်လက်တွေ့ဘဝမှာ
ဦးက သားကို နည်းနည်းလေးမှ မချစ်ဘူး ။

ဦးမရှိဘဲ သားမအိပ်နိုင်ဘူး ။ ဒါပေမဲ့ ဦးက သားမရှိရင်
ပိုအိပ်ပျော်တယ် ။ သားမနှောင့်ယှက်ချင်တော့ဘူး ဦး
ဦး အေးအေးဆေးဆေးအိပ်နေတာကို သားမရှုပ်ချင်တော့ဘူး ။

သား ဘာအမှားများလုပ်ထားလို့လဲဦးရယ် သားကြောက်တယ်မှောင်မဲနေတယ် သားကို လာခေါ်ပါ သားကိုကယ်ပါဦးရယ်....

❣ချစ်သော ဦး ❣ S 1  ( Completed )Where stories live. Discover now