Part -10 (Uni + ZG)

30.6K 2K 84
                                    

Uni

Dec 5 ( 17 နှစ်ပြည့် )
Dec 9 ( Wedding)

Dec 11 „

" မင်းဘာလာလုပ်တာလဲ ငါ့အခန်းထဲကို "

" ဦးကို မနက်စာစားဖို့လာခေါ်တာ "

" ငါ့ဘာသာငါဆင်းလာမယ် မင်း ငါ့အခန်းထဲလာစရာမလိုဘူး "

" ဟင် ဦးကလည်း သား သတ်သတ်အခန်းနဲ့အိပ်နေတာပဲ
နေ့ခင်းဘက်နဲ့ မနက်ဘက်တော့ ဦးအခန်းထဲဝင်ခွင့်ပြုပေါ့ "

" မဝင်နဲ့ မင်းဝင်စရာအကြောင်းမရှိဘူး "

" ဦးနဲ့ သားက လင်မယား အယ်..မဟုတ်သေးဘူး
လင်ယောကျ်ားတွေလေ ဦးကလည်း ဒီလောက်တော့
ခွင့်ပြုပေါ့ နော်...နော်...နော် "

" အေး အေး အေး ပြီးကောကွာ ဝင်ဝင်!
နားကိုညည်းနေတာပဲ ညောင်နေတာ "

" ဟီး........."

သူဖြစ်ချင်တာတွေဖြစ်ရတော့ ပြုံးဖြီးနေသော မျက်နှာလေး
စိတ်ရှိလက်ရှိသာ လုပ်ပစ်ရင်ကတော့ အသားတခြား
အရိုးတခြားတွေ ဖြစ်ကုန်တော့မှာမလွဲပေ.....

အဲ့တာကြောင့်လည်း အခန်းခွဲအိပ်ခဲ့သည်မဟုတ်လား
စိတ်ထိန်း ငစိုင်း စိတ်ထိန်း ဟူး.......

မနက်စာ စားပွဲတွင်---

" မင်း ဘာလို့ Day မတက်တာလဲ "

" သားလဲမသိဘူး ဘာလို့ Distance ယူခဲ့လဲဆိုတာ"

" အော် အေး ကောင်းရော
ငါတကယ့်အရူးလေးကို လင်တော်ထားရတာပဲ"

" ဦးကလည်း သားကမရူးပါဘူး မရူးလို့လဲပဲ
ဦးလို အရမ်းချော အရမ်းခန့်ပြီး ဆွဲဆောင်မှုရှိတဲ့
ယောကျ်ားကို အရယူထားတာပေါ့ မဟုတ်ဘူးလား"

" ဟုတ်သလိုလိုတော့ရှိသား "

" ဟွန်း လိပ်ကြီး "

" မင်းပဲ ပြောတာမဟုတ်ဘူးလား "

" သားမှားတာ "

" မမှားဘူး မင်းမှန်တယ် "

" မှားပါ..."

" မြွေထိန်းချင်လို့ အထွန့်တက်နေတာလားကောင်လေး "

အရမ်းဆိုးတဲ့လူကြီးပါဗျာ အမြဲ ဒီမြွေနဲ့ပဲခြိမ်းခြောက်နေတာ
အခုထိ ဖင်က နာနေတုန်း ဒါတောင်မမြင်လိုက်ရဘူး
လက်နဲ့ပဲ ကိုင်လိုက်ရလို့ မြင်သာမြင်ရရင် ငါချက်ချင်း
အသက် ထွက်သွားမှာသေချာတယ် ...

❣ချစ်သော ဦး ❣ S 1  ( Completed )Where stories live. Discover now