Part - 23 ( Uni + ZG)

24.8K 1.7K 248
                                    

Uni

တောင်ကြီးမြို့ရဲ့အချမ်းဒဏ်ကြောင့်လား ခိုလှုံထားတဲ့ရင်ခွင်ပိုင်ရှင် အနားမှာ မရှိတော့၍လားမသိ ထွန်းသစ္စာဆိုတဲ့ ကျွန်တော် စိမ့်ချမ်းလာ၍ မျက်လုံးများပွင့်လာခဲ့သည် ။ ဘေးနားကြည့်တော့ ဦးကရှိမနေပေ

စမ်းကြည့်တော့ အိပ်ယာက အေးစက်နေသည်မို့ ထသွားတာ ကြာပြီဆိုတာ ခန့်မှန်းမိသည် ။

' ဦး..ဦးက ငါဗိုက်ကြီးနေပြီဆိုပြီး ထားခဲ့တာလားမသိဘူး '

ရုတ်တရက်ဝင်လာသောအတွေးနဲ့အတူ အိပ်မှုန်စုံပွား ဖြစ်နေသော မျက်လုံးများပင်ပြူ းကျယ်လာခဲ့သည် ။ ထို့နောက် အလူးအလဲထကာ ရေချိုးခန်းအတွင်းကြည့်တော့လည်းမရှိ ။

အလုပ်ခန်းထဲမှာများလားဆိုပြီး သွားကြည့်တော့လည်း ရှိမနေပေ ။ ငိုချင်စိတ်များ တဖွားဖွားနှင့် အောက်ထပ်သို့ ဆင်းလာကာ

" ဦးရေ....ဟင့်!   ဦးရေ..... "

" ဦး ဒီမှာကလေးငယ် "

အို!  ဒါမီးဖိုထဲက အသံပဲ အပြေးအလွှားမီးဖိုထဲ ဝင်သွားတော့ချက်ပြုတ်နေသော ဦးက ဆူပါလေရော

" မပြေးနဲ့လေ ချော်ချက်လဲမှဖြင့်  ဒုက္ခဖြး်အုံးမယ်ကလေးငယ်
ကိုယ့်ကိုယ်ကိုလည်းသိအုံး အရင်လိုမဟုတ်ဘူး အထဲမှာအကောင်ပေါက်လေးနဲ့ လွှားလွှား လွှားလွှား လုပ်မနေနဲ့ "

လူကို လှည့်မကြည့်ပဘဲ ချက်ပြုတ်နေရင်း ပြောနေသော ဦးရဲ့နားကို ကပ်သွားကာ အနောက်မှ ခါးကို သိုင်းဖက်လိုက်တော့
( နင်က ခါးပဲမှီတာကို ခါးကိုဖက်မှာပေါ့ 🤣 )

" ဦး မနက်စာလုပ်နေတယ်လေ ကလေးငယ် ငြိမ်ငြိမ် ထိုင်နေ လာရှုပ်မနေနဲ့ "

" ဦးကလည်း ခဏလေးပါ "
ပြောကာ ပိုမိုတင်းကျပ်စွာဖက်လာသောကောင်ငယ်လေး တစ်ခုခုကို စိုးရိမ်နေသည့် ပုံစံပင်

နွေးလိုက်တာ!!  ဦးကျောပြင်က ကျောပြင်တောင်ဒီလောက် နွေးထွေးမှုကိုခံစားရတာ ရင်ခွင်ထဲမှာမအိပ်ဘဲ မနေနိုင်တော့တာ မထူးဆန်းတော့ပါဘူး ။

" ကဲ! ! ဘယ်ချိန်ထိ အခုလိုရှုပ်နေအုံးမှာလဲ ဒီမှာ စားဖို့ပြင်ရတော့မယ် အနောက်ကနေရှုပ်နေတော့ လုပ်ရတာ မလွတ်လပ်ဘူး ကလေးငယ် "

❣ချစ်သော ဦး ❣ S 1  ( Completed )Where stories live. Discover now