Part -7 (Uni + ZG)

31.9K 2.2K 177
                                    

Uni

" ကဲ.... ဒီလင်နဲ့ ဒီလင် အိုအောင်မင်းအောင်ပေါင်းနိုင်ကြပါစေကွယ် ။ ပြီးတော့ ကလေးပုစိလေးတွေလည်း ဖွားဖွားအတွက်မွေးပေးနိုင်ပါစေ "

" ဟာ.. ဖွားဖွားကလည်း.. "

ပါးများပင်ရဲတက်လာပြီး ရှက်သွားသောကောင်လေး ချစ်ဖို့တော့ အလွန်ကောင်းသည် သို့သော်...

ဟင့်အင်းဖွားဖွား အဲ့ဆုက ပြည့်လာမှာမဟုတ်ဘူးသူက ယောကျ်ားတစ်ယောက်ဖြစ်နေတယ်ဆိုတာထက်ကျွန်တော်သူ့ကို လက်မခံနိုင်လို့ပဲ ဖွားဖွား

" ဦး... "
" ပြော "

" သားရှူ းပေါက်ချင်လို့"
" လုပ်ပြီကွာမင်းကတော့ အခုမှထွက်လာတာ5 min လောက်ပဲရှိ​သေးတယ် နောက် 10 minဆိုရောက်ပြီ အိမ်ရောက်မှပေါက် "

" ဟင့်....ဦးကလည်း သားပေါက်ချင်နေပြီ "

" မင်းအရမ်းညောင်တာပဲကွာ.. ငါစိတ်ရှိလက်ရှိ လုပ်လိုက်ရရင်တော့ မင်းသေတော့မှာပဲ "

" နောက်မှလုပ်ချင်တာလုပ်ဦးရာ သားအရမ်းပေါက်ချင်နေပြီ နော်..နော် "

" ပြီးရော.. ပြီးရော..." ဟုဆိုကာလမ်းဘေး ကားထိုးရပ်ပေးလိုက်တော့နောက်တစ်မျိုး ထပ်ဂျီ ပြန်သည် ။

" ဦး... "
" ဘာဖြစ်ပြန်ပြီလဲ "

" မှောင်မဲနေတာပဲ "
" မင်းမှာဖုန်းပါတာပဲ မီးထိုးပြီးပေါက်ပေါ့ "

" ဟင့်...သားကြောက်တယ် "

" မင်းကလေ တဟင့်ဟင့်နဲ့ မင်းကိုနှိပ်စက်ချင်လို့ယူထားတာ အခုငါ့ကို အရင်နှိပ်စက်နေတယ်ပေါ့ "

" မဟုတ်ပါဘူး ဦးကလည်း အိမ်ရောက်ရင်နှိပ်စက်လေနော် အခုတော့သားကို ကူညီပါအုံး နော်"

" အေး အေး အေး ဆင်း!!"

" ဟုတ် "

သူဖြစ်ချင်တာဖြစ်ရတော့ ရုပ်က ပြုံးပျော်နေသည်အသားဖြူ ရုံတင်မက စိတ်ကပါဖြူစင်လွန်းသည်။ သို့သော်..ကိုယ့်အတွက် အသုံးမဝင်ဘူး ကလေးငယ်

" အမလေး!!! မြွေ မြွေ "

အတွေးတို့ပျံ ့နေတုန်း ကိုယ့်အပေါ် ခွတက်လာသောကောင်လေးကြောင့် ပြုတ်ကျမသွားအောင် မနဲ ထိန်းလိုက်ရသည် ။

❣ချစ်သော ဦး ❣ S 1  ( Completed )Where stories live. Discover now