Part - 37 ( Uni + ZG)

21.3K 1.5K 141
                                    

Uni

July 10 „

ကလေးကိုမှတ်မိအောင် နည်းမျိုးစုံသုံးပြီးကြိုးစားနေသည်မှာ 1လနီးပါး ရှိနေလေပြီ ။ ညတိုင်းကလေးရဲ့ အခန်းထဲ ဝင်ပြီး
ကြမ်းပြင်ပေါ်အိပ်ရသည်မှာလည်းညပေါင်းလဲ မနည်းတော့ပေ

ကလေးပါးစပ်မှ " ခင်များ ခင်များ " ဆိုသောအသုံးအနှုန်းက
ဝဲရင်ဘက်ကို တကယ်ပင် နာကျင်စေလေသည်။ သို့သော်
လည်း သည်းခံရမည်မဟုတ်လား

ကျွန်တော့်ကလေးငယ်ကသူ့ဦးမှန်း မမှတ်မိလို့ပြောတာလေ
သူချစ်ရတဲ့ ဦးမှန်းသာသိရင် ဒီလိုရင့်ရင့်သီးသီးသုံးမှာမဟုတ်
ဒီလိုသာ ဖြေသိမ့်ရင်း

ပြောနေကြစကားတွေ အပြုအမူတွေ အကုန်လုပ်ပြီးသော်လည်းအချီးအနှီးပင် ဖြစ်တာကြောင့် နောက်ဆုံး သုံးရမည့်နည်း
တစ်နည်းသာ ကျန်တော့လေသည်။

ဒါကြောင့် ကလေးရှိရာအခန်းသို့ တိတ်တဆိတ်ထွက်လာပြီး
အခန်းရှေ့ရောက်တော့ ကလေးငယ် ဖုန်းပြောနေသောအသံကို တီးတိုးကြားရလေသည် ။

" ငါပင်ပန်းနေပြီ ရှင်းသန့်ရယ် "
" မခံစားနိုင်ရင် ရပ်တန့်လိုက်တော့သစ္စာ အပင်ပန်းခံမနေပါနဲ့တော့ မင်းပဲ နာကျင်နေရမှာ "

" ငါဘာလုပ်ရတော့မလဲရှင်းသန့် ဒီလူကြီးကို..ဒီလူကြီးကို
ငါ့အနားမှာ မထားချင်တော့ဘူး မမြင်ချင်တော့ဘူး အီးဟီး...

မင်းသိလား ငါ 9နှစ်ကျော် စောင့်ဆိုင်းပြီး အရမ်းချစ်ခဲ့ စွဲလန်းခဲ့ရတဲ့လူသားက ငါ့ကို မချစ်ဘူူး မသိဘူးပြောတာတောင် ငါရင်နာနာနဲ့ ဖက်တွယ်ခဲ့ရတာ

ငါ့ကို.....ငါ့ကို ကြမ်းတမ်းတဲ့စကားလုံးတွေနဲ့ထိုးနှက်တယ်
ငါရင်စီးပြီးခံခဲ့တယ် ဒါအပြင် ငါ့အချစ်တွေကိုလည်းစော်ကား
တယ် ဒါတောင်ငါ့မှာ စိတ်မနာနိုင်ဘူးကွာ

နောက်ဆုံး...နောက်ဆုံး ငါ့ကို ရိုက်ဖို့ရွယ်တာတောင် ငါ့မှာ
စိတ်မနာနိုင်ပဲ သူ့ကလေးကိုမွေးပေးဖို့ သူ့အနားမှာ ကပ်တွယ်နေခဲ့တယ် အီးဟီး...."

" ငါ..ငါလည်း ဘယ်လိုဖြေသိမ့်ပေးရတော့မလားသစ္စာရယ် "

" မင်းသိလားရှင်းသန့် ငါ...ငါလေ သူသာသတ်မယ်ဆိုရင်
ငါ့ရင်ဘက်ကနေဓားနဲ့ တစ်ချက်တည်း ထိုးသတ်မယ်ဆိုရင်
တောင် ငါပြုံးပြုံးကြီးသေပေးမှာရှင်းသန့် ....

❣ချစ်သော ဦး ❣ S 1  ( Completed )Where stories live. Discover now