Part - 31 ( Uni+ZG)

23.3K 1.6K 254
                                    

Uni

June 5 ”

မနက်ခင်း မျက်လုံးများပွင့်လာတော့ ပထမဆုံးရှာမိတာက ဦး ဆိုတဲ့ ကျွန်တော်အရမ်းချစ်သလောက် ကျွန်တော့်ကိုနာကျင်မှုတွေသာ ပေးနေတဲ့ ထိုလူသားကိုပင်.......

ဦးနဲ့ ကျွန်တော့်ရဲ့ ဆက်ဆံရေးက အရင်လိုမဟုတ်ဘဲ အေးစက်နေတာ 2 ပတ် လောက်ရှိပြီ ။ကျွန်တော်တို့က နီးလျက်နဲ့ဝေးနေတာဗျ တစ်အိမ်ထဲနေ တစ်ကုတင်ထဲအိပ်ပြီးဝေးကွာနေခဲ့တာပါ

အချစ်က ပူလောင်လိုက်တာ ။ အဝေးမှာရှိနေချိန် ဦးရဲ့ ဓာတ်ပုံလေးကိုပဲ အမြဲ ကြည့်ပြီး 9နှစ်ကျော်လောက် စောင့်ဆိုင်းခဲ့ရတာကအဲ့လောက်မပူလောင်ခဲ့သလို အဲ့လောက်လည်းမနာကျင်ခဲ့ဘူး ။

အခုလည်း ရင်တွေပူလာရပြန်သည် ။ တစ်အိမ်လုံးရှာဖွေနေတာမတွေ့ ။ ဗိုက်ကလည်း 5လကျော်လာတော့ တော်တော်နေရတာ အဆင်မပြေ ဖြစ်လာပြီ။ လမ်းလျှောက်ရင်လည်း တစ်ရွေ့ရွေ့တစ်ခါတလေ ကိုယ့်ကိုယ်ကို လိပ်ကြီးဖြစ်နေပြီ လားတောင်ထင်မိသည်အထိပင် ။

ဦးကို ရှာလို့မတွေ့သောကြောင့် ဦးမြင့်ကိုမေးရန်အိမ်ထဲမှ ထွက်လာခဲ့သည် ။
" အမေ့ !!!"

" သခင်လေး! !!!"

" အား!!!!!!"
" သစ္စာ!!!!"

.
.
.
.
" အား.... ကျွတ်! ကျွတ်! နာတယ်ရှင်းသန့်"
" ဆေးရုံရောက်တော့မယ်နော် သစ္စာ ခဏလေးပဲ"

' အထဲက ကလေးလေးရယ် ဘာမှ ဖြစ်မသွားလိုက်ပါနဲ့။
​ပါပါး ​တောင်းပန်ပါတယ် ပါပါးရဲ့ ပျံ့နေတဲ့စိတ်တွေကြောင့် အခုလိုဖြစ်တာ ကလေးလေး ဘာမှ မဖြစ်လိုက်ပါနဲ့..... '

~ Ring Ring ~
" ဟလို ဦးမြင့် "

" သ...သခင်ကြီး "
" ပြောပါ ဦးမြင့် "

" သ..သခင်လေး! "
" ဘာဖြစ်လို့လဲ ဦးမြင့်!!"

" ချော်လဲလို့... အရမ်းအော်နေတယ် "
" အခု..အခု ဘယ်မှာလဲ ဦးမြင့်!!!"

"အကိုလေးအောင်ချမ်းတို့ ဆေးရုံခေါ်သွားတယ် "

ဦးမြင့်ကိုပင် ပြန်မဖြေနိုင်ပဲ အောင်ချမ်းတို့ကိုဖုန်းဆက်တော့ အော်ဟစ်နေတဲ့ ကလေးအသံက ရင်ထဲကို ဓားပေါင်း များစွာ
နဲ့ထိုးစိုက်လိုက်သကဲ့သို့ ​သွေးမထွက်ပေမဲ့ နာကျင်ရသည် ။

❣ချစ်သော ဦး ❣ S 1  ( Completed )Donde viven las historias. Descúbrelo ahora