Part - 1 ( Uni + ZG)

62K 2.9K 37
                                    

Uni

" ဗျာ! "
" ဟုတ်တယ်မြေး... ဖွားဖွား ပြန်ခေါ်တာ ဒီကိစ္စပဲ "

" ဟာဗျာ ....ဖွားဖွားကလည်း ဖွားဖွား ပြန်လာစေချင်လို့
ပြန်လာခဲ့ပြီလေ ထပ်ပြီး မင်္ဂလာပါဆောင်ပြီး​တော့ မိန်းမလည်းမဟုတ် ယောကျ်ားတစ်ယောက်ကို ယူရမှာ ဘယ်လိုတွေလဲ ဖွားဖွားရာ "

စိုင်းဧက္ကရာဇ် သည် ဧက္ကရာဇ်် အိမ်တော်မှ တစ်ဦးတည်းသောသခင်လေး တစ်နည်းအားဖြင့် ဧက္ကရာဇ်လုပ်ငန်းစု၏ တစ်ဦးတည်းသော အမွေ ဆက်ခံသူ ဖြစ်သည် ။

ဆွေမျိုး ဟူ၍လည်း ယခု မြန်မာနိုင်ငံတွင် ဧက္ကရာဇ်အိမ်တော်မှ သခင်မကြီး မျိုးဧက္ကရာဇ် နှင့် England ရှိ စိုင်း၏အဖိုး Mr.Wi တို့နှစ်ယောက်သာရှိ​တော့သည်။

England မှ Wi မျိုးရိုး Myanmar မှ ဧက္ကရာဇ် မျိုးရိုးတို့ နှစ်ခုပေါင်းစပ်၍ မွေးဖွားလာသော စိုင်းဧက္ကရာဇ် ( Wi Sai) သည် မျိုးရိုး နှစ်ခုလုံး၏ တစ်ဦးတည်းသောအမွေဆက်ခံ သူသာ ဖြစ်လေသည် ။

16 နှစ်အရွယ်မှ စ၍ England မှာ သွားနေခဲ့တာ ယခုဆိုလျှင် အသက် 25 နှစ်ရှိလေပြီ ။

အင်္ဂလန်မှာနေတာ 9 နှစ်ပင်ရှိခဲ့ပြီ ဖြစ်သည် ။ England တွင် ပညာသင် ဘွဲ့ရပြီးချိန်မှစ၍ စီးပွားရေးဘက်သို့ တစိုက်မက်မက် ကြိုးစားကာစိတ်နှစ်လုပ်ကိုင်သူ အကွက်စေ့သူတစ်ယောက်ပင်

အရာအားလုံးလိုလို ပုံမှန် ဖြစ်နေပေမဲ့လို့သူ့ဘဝ တွင် ပုံမှန် မဟုတ်သော အရာတချို့လည်း ရှိနေပေသေးသည်........

" မြေး သားမယူလို့မရဘူး ဒါက သားကိုယ်တိုင်ရွေးချယ်ခဲ့တဲ့သူပဲ "

ကိုယ်တိုင်ရွေးချယ်ခဲ့တဲ့သူ.....ဘယ်တုန်းက ရွေးချယ်ခဲ့တာလဲ ဘယ်သူလဲ ဘာကြောင့်ရွေးချယ်ခဲ့တာလဲ စသည့် မေးခွန်းများစွာဖြင့် စိတ်မကြေမချမ်းဖြစ်ကာသူဝယ်ထားသော အိမ်သို့ ထွက်လာခဲ့သည်

မြန်မာနိုင်ငံမှာ ခြံတွေနဲ့အိမ်တွေဝယ်ထားတယ် စီးပွားရေးသမားဆိုတာ ဒီလိုပဲပေါ့ လက်ကွက်စိတ်နေရမယ်လေ

ပြည်မှာ  3 အိမ် ရန်ကုန်မှာ 2 အိမ်
နေပြည်တော်မှာ 4 အိမ် တောင်ကြီးမှာ 3 အိမ်

❣ချစ်သော ဦး ❣ S 1  ( Completed )Where stories live. Discover now