Part - 22 (Uni+ZG)

25.5K 1.8K 210
                                    

Uni

" ဖွားဖွားက ပြန်မှာလား ဒီမှာ ညအိပ်သွားပါလား"

" မအိပ်တော့ပါဘူးမြေးရယ် မအိပ်စေချင်တဲ့သူက ရှိနေတော့လေ အဟမ်း...."

ကိုယ့်ရဲ့ဘက်ကို မျက်လုံးစွေကြည့်ကာ ငေါ့ပြောနေသော ဖွားဖွား...

ဒီအပြို ကြီးတော့သူများလင်လင် ကြားထဲ ကို့လို့ကန့်လန့် ဖြစ်နေမှာဆိုးလို့ ပြန်လွှတ်တာကို လာငေါ့နေပြန်ပြီ

" ဖွားဖွားကလည်း အိမ်တော်မှာက အလုပ်သမားတွေကြီးပဲလေ အဲ့တာကြောင့်ပါ အိမ်ကိုစောစောပြန်တော့အလုပ်သမားတွေကို --"

" အေးပါဟယ်....... ငါပြန်မှာပါ "

စကားပင်မဆုံးသေး မကြိုက်သံနဲ့ ထပြောတဲ့ဖွားဖွားထို့နောက် ဘေးနားမှာ ရပ်နေသော ကောင်ငယ်လေးက

" ဖွားဖွား ပြန်သွားရင် သားတစ်ယောက်ထည်းရယ် ပျင်းပြီး အထီးကျန်​နေတော့မှာပဲ ဟင့်.!! "

" အော်...မင်းတစ်ယောက်ထည်းဆိုတော့ ငါက သေလေို့လား! !"

" မ...မဟုတ်ပါဘူး အဲ့..အဲ့လိုကြီး"

" မင်းစကားတွေ ပြောင်းပြန်ပြောကတည်းက ဟုတ်နေပြီလေမညာတတ်ပဲ လာညာနေတယ် စောက်ကလေး "

" ဟုတ်ပါတယ် ကျွန်တော်က မညာတတ်ဘူးအဲ့တာကြောင့် ဦးကို ချစ်တယ်ဆိုတာတွေကို ပြောမိတာအဲ့တာကြောင့်လည်း ကျွန်တော့်ကို  ဦးနိုင်နေတာလေ "

" မင်း...မဟုတ်တာတွေ --"

" တော်ကြတော့! !!!"

အရှေ့မှ ရပ်နေသော အဖွားအော်လိုက်တော့ဦးက ပြောလက်စ စကားကိုရပ်ကာ တိတ်သွားသည်။

ဟင့်အင်းဦး သားဦး ကို အလျော့မပေးတော့ဘူးအလျော့ပေးချင်စိတ် အောက်ကျ ခံချင်စိတ်တွေည်း မရှိ တော့ဘူး ။

ဘာကြောင့်လဲတော့မသိဘူး ဦး ပြောတာတွေကို ခေါင်းငုံ့ခံပြီး ငြိမ်မနေချင်ဘူး ။

" ငစိုင်း!!! မင်းက အကြီးဖြစ်ပြီးတော့ ကလေးကို အလျော့မပေးပဲ အနိုင်ပြန်ပြောနေတယ်

မင်းရဲ့ ကိုယ်ဝန်ကိုလွယ်ထားရတယ်ဆိုတာလည်း သတိရအုံးပြီးတော့ ဒီအချိန်မှာ အရာရာ အလျော့ပေး ဘာလို့ဆိုကိုယ်ဝန်ကြောင့် အရင်က ခံမပြောဘဲငြိမ်နေပေမဲ့ အခုချိန်မှာ ငြိမ်နေချင်မှနေမှာ ငြိမ်ခံချင်မှခံမှာ "

❣ချစ်သော ဦး ❣ S 1  ( Completed )Where stories live. Discover now