Part - 4 ( Uni + ZG)

31.4K 2.2K 46
                                    

Uni

Dec 4 „

" မြေး ငစိုင်း "
" ဗျာ ဖွားဖွား ပြောလေ "

" သစ္စာလေးက မနက်ဖြန်ဆို 17 နှစ်ပြည့်ပြီအသက်မပြည့်သေးပေမဲ့ အဖွား မင်းတို့ကိုလက်တွဲစေချင်ပြီ အဖွားအသက်အရွယ်အရ  နေ့လားညလား မသေချာတော့တဲ့အခြေအနေမှာအဖွား ကတိလည်းတည်ချင်ပြီ  ပြီးတော့ ဒါကမြေးရွေးချယ်ခဲ့တဲ့လူလည်း ဖြစ်တယ်မြေး "

" ကျွန်တော်...ကျွန်တော် လက်မခံနိုင်ဘူးဖွားဖွားယောကျ်ားချင်းပဲ ဖြစ်နေပါစေအုံးတော့ အချစ်ပါရင် ကျွန်တော်ဖြစ်ချင်တာဖြစ် ဂရုစိုက်မှာမဟုတ်ဘူး။ ဒါပေမဲ့ အခုက ကျွန်တော်ချစ်နှစ်သက်တဲ့လူမဟုတ်ဘူး ကျွန်တော်သူ့ကိုမချစ်ဘူး ဖွားဖွား "

" ဖြန်း! " ဟူသောအသံနဲ့အတူ စိုင်း၏ ပါးပေါ်ကျလာသော အဖွား၏ လက်ဝါးတစ်ချက် ။

*ဘာလို့လဲ ဘာလို့ငါ့ကိုရိုက်တာလဲ ငါမှားလို့လား ငါသူ့ကိုမချစ်ဘူးလေ ဒါကြောင့်ငါမယူနိုင်တာ ငါမှားလား*

" မင်းယူကိုယူရမယ်စိုင်းဧက္ကရာဇ် မင်းဘယ်လိုပဲ အတိတ်မေ့တယ်ခံစားရခံစားရ ဒါဟာ မင်းရွေးချယ်ခဲ့တဲ့လူ! မင်းရဲ့ ရွေးချယ်မှုကြောင့် ငါတို့ သူများတွေထိုးနှက်တာခံခဲ့ရပြီးပြီ ငါတို့ခံစားခဲ့ရတာကို အလဟသ ဖြစ်အောင်မလုပ်နဲ့ ပြီးတော့ ဒီကလေးရဲ့မိဘတွေက ငါ့ဆီအပ်ခဲ့တာ ဒီကလေးကလည်း မင်းကိုနေ့စဉ်စောင့်မျှော်နေခဲ့ရတာ

9နှစ်ကျော်ပြီ စိုင်းဧက္ကရာဇ် မင်းကသူ့ကို သတိမရခဲ့ဘူးမေ့သွားခဲ့တာတောင်သူနေ့စဉ်စောင့်နေခဲ့ရတာ မင်းယူကိုယူရမယ်!! "

ဒေါသ သံများဖြင့် ပြောချင်တာပြောပြီးအပေါ်ထပ်သို့တက်သွားသောအဖွား ဘာတွေပြောသွားမှန်းမသိသော်လည်း
မေးချိန်ပင်မပေးတော့....

သေချာတာတော့ ဒီကောင်လေးကို စိုင်းဧက္ကရာဇ်ယူရတော့မည် ဆိုတာပင်.......

* ဦးပြောတော့.. ဦးပြောတော့ သားကိုချစ်လို့ လက်ထပ်ခွင့်တောင်းခဲ့တာဆို ပြီးတော့...သားကိုပဲ တစ်သက်လုံးချစ်သွားမှာဆို အခုတော့ ဘာလို့လဲ....ဘာလို့များ ​ပြောင်းလဲသွားရတာလဲဦးရယ်.... *

❣ချစ်သော ဦး ❣ S 1  ( Completed )Dove le storie prendono vita. Scoprilo ora