Uni
ညကသူတို့လမ်းလျှောက်ပြီးအခန်းသို့ပြန်လာခဲ့သည်။ချစ်အားနွေးနွေးထွေးထွေးဝတ်ပေး၍မနက်လည်းအလုပ် ကိစ္စရှိတာကြောင့်စောစောအိပ်တော့ ယခုမနက်ပိုင်းသူရိန်နိုးလာတော့လန်းလန်းဆန်းဆန်းရှိနေလေသည်။ဘေးကချစ်ကတော့မနိုးသေး။မနိုးလို့မဖြစ် အလုပ်ချိန်းထားတာ၉ခွဲ။ အခု၇နာရီထိုးချေပြီ။ပြင်ဆင်တာနဲ့မနက်စာစားမှာနဲ့ဆိုရင်ကွက်တိပဲ။အလုပ်ကနောက်ကျလည်းအကြောင်းမရှိဘူးဆိုပေမယ့်အခုကတခြားနိုင်ငံကအလုပ်ရှင်တွေနဲ့တွေ့ပြီးရင်းနှီးမြှပ်နှံမှာမလား။အဲ့တာကြောင့်ပါ။မဟုတ်ရင်သူ့အချစ်ကလေးအိပ်တာကိုနှောက့်ယှက်ဖို့မပြောနဲ့အသံတောင်ထွက်မည်မဟုတ်ချေ။ဟိုတစ်ခါရုံးခန်းမှထမင်းစားပြီးအိပ်ငိုက်တက်တဲ့ချစ်ကြောင့် မအေမီကိုပြန်ရောက်ရောက်ချင်းအမှီအိမ်ခန်းကိုရုံးခန်းတွင်းတွင်ဖွဲ့ခိုင်းထားသည်။လက်ထပ်ပြီးသွားရင်အလုပ်မလုပ်ခိုင်းဘူးဆိုပေမယ့် နေလည့်ထမင်းစားdateတွေလုပ်ဖြစ်လို့အိပ်ချင်ရင်အိပ်ရအောင်ဖွဲခိုင်းခြင်းပင်။အခုတော့ချစ်အား
”ချစ်~~~~~ချစ်လေး ထတော့ မောင်တို့အလုပ်ရှိသေးတယ် ချစ်”ရှိန်လည်းအိမ်မောကျနေရာမှဘေးကတကျီကျီပြောသံကြောက့်မျက်လုံးဖွင့်၍
”မောင်~~အစောကြီးရှိသေးတာကို ဟင့်”
”အလုပ်ရှိလို့ချစ်ရဲ့ ဒါမှမဟုတ်နေခဲ့မလားမောက်အလုပ်ပြီးရင်ပြန်လာခေါ်မယ်လေ”အဲ့လိုလည်းပြောလိုက်တော့ချစ်တို့စတင်ရစ်ပြီလေ
”မောင့် ဘာလို့ထားခဲ့မှာလဲ ချစ်ကိုမခေါ်ချင်လိုအဲ့လိုပြောတာမလား ဟင့် မချစ်တော့ဘူးမလား”
”မဟုတ်ပါဘူးဗျာ ချစ်အိပ်ရေးမဝမှာလို့ ကိုယ်ကချစ်တာပေါ့ မွ”နဖူးလေးကိူနမ်းလိုက်မှ
”ပြီးတာပဲ လိုက်မှာမောင်ကိုယ်တိုင် အခုတော့မျက်နှာသစ်ပေး ချီ”ရှိန်လည်းသူရိန်အားချီဏနိလက်နှစ်ဖက်ထုတ်ပေးလိုက်သည်။
”ဟုတ်ပါပြီ သွားရအောင်”ဆိုပြီးချီလိုက်တော့ ခါးတွင်ခြေထောက်များချိတ်လာလေသည်။ရေချိုးခန်းရောက်တော့ဘေစင်ဘောင်ပေါ်တွင်တင်ပေး၍မျက်နှာသစ်ပေးခြင်းအမှုကိုပြီးအောင်လုပ်ဆောင်လိုက်သည်။ပြီးနောက်ရေနွေးဆပ်ပေး၍ချစ်အားခေါင်းမလျှော်ဖို့ပြော၍ ရေချိူးစေရန်အပြင်သို့ထွက်လာလိုက်ပြီး ချစ်အတွက် နက်ပြာရောက် hoddie ပြောင်အပွနှင့် အောက်ကအတွက်အပေါ်အပိုင်းတွင်ပွ၍ခြေမျက်စိနားတွင်အစည်းပါသောဘောင်းဘီအသားရောင်အရှည်လေးထုတ်ထားပေးလိုက်သည်။
YOU ARE READING
မောင့်ရဲ့အချစ်ခံလူတန်းစား(ေမာင့္ရဲ႕အခ်စ္ခံလူတန္းစား)
RomanceMarried life လေးပါ ပထမဆုံးbl oc ဖြစ်လို့မကောင်းတာရှိရင်ပြောပေးကြပါ Start date -11.23.2020 End date-----?