part24 (uni/zg)

3.4K 151 10
                                    

Uni

”မောင် ကမ်းနားလမ်းကိုမောင်း အဲ့မှာညဆိုလေအေးအေးလေးနဲ့မို့လို့”

”အင်း ချစ်ကမောင့်ကိုဖုန်းတောင်မဆက်ဘူးကွာ မောင့်မှာစိတ်ပူ နေရတာဖုန်းဆက်တော့လည်းမကိုင်ဘူးမေမေကိုဆက်မှ အိပ်နေမှန်းသိတာ ” တကယ်ကို ဒီနေ့ချစ်ကသူ့စီဖုန်းတစ်ကောတောင်မခေါ်ပေ မေမေဆီဆက်မှ သူလေးကအိပ်နေမှန်းသိတာ ဒီကရင်ထဲမှာတော့ဘာများဖြစ်နေလဲပေါ့

”မောင်ကလည်းနော် ကိုယ်လုပ်ထားတာကိုယ်သိလေ ပင်ပန်းလို့အိပ်နေတာ ”သူပြောတော့လည်းမောင်ကပြုံးစိစိနဲ့

”ဟက် သိပါတယ် မောင်လုပ်ထားတာကိုမသိရအောင်အရူးမှမဟုတ်တာ ကဲရောက်ပြီ ဆင်းရအောင်”

”အွန်းမောင် မုန့်တွေယူလာပေး ”

”အင်းပါ” ရှိန်လည်းမောင့်အားမစောင့်တော့ဘဲ ကားပေါ်မှဆင်း၍ ကားရှေ့ဖုံးပေါ်တွင် တက်ထိုင်၍မောင့်အားစောင့်နေလိုက်သည်။ ဒီနေ့ကမ်းနားကမ်းမှာလူသိပ်မရှိပေ

”ချစ် ရော့”

”အင်း မောင် ” မောင့်ကိုကြည့်တော့ အပေါ်ကုတ်အားချွတ်ထားပြီး အပေါ်ကျယ်သီးသုံးလုံးလောက်ကိုဖြုတ်၍ အကျီလက်ကိူလည်းခေါက်ထားတာကြောင့် gym ဆော့ထား၍တောင်တြင်းနေသောရင်အုပ်ကျယ်နှင့် လက်က သွေးကြောများပင် ပေါ်နေသည်။ ဒါတွေဟာဘယ်သူ့အပိုင်မို့လို့အဲ့လိုပေါ်အောင်လုပ်ထားတာပါလိမ့်။တွေးရင်းနှင့်ပင်စိတ်ကအလိုမကျချင်တော့ပဲ မျက်နှာကမဲ့လာရတော့သည်။

”ဟေ့ ချစ် စားလေ အရမ်းအေးသွားရင်မကောင်းဘူး” သူရိန်သူ့အားကြည့်ရင်း ဘာတွေတွေးပြီး စိတ်အလိုမကျဖြစ်မှန်းမသိ ။ အတွေးလွန်နေတာကြောင့်ခေါ်လိုက်တော့မော့ကြည့်လာလေရဲ့။

”မောင့် ဒီနားခဏလာဦး…

”အမ် အင်း အားးးးးးး! !!!!!!”ရုတ်တရ်သူ့ရင်ဘက်ကိုကုန်းကိုက်လိုက်တဲ့ ချစ်ကြောင့် ဘေးတွင်ရှိသောလူတွေကိုတောင်သတိမထားမိတော့ဘဲ အော်ချမိလိုက်သည်။ ကိုက်ထားတာ ဘယ်လောက်နာလဲဆိုတာတော့ မျက်ရည်ပင်ရစ်ဝိုင်းလာလေသည်။

မောင့်ရဲ့အချစ်ခံလူတန်းစား(မောင့်ရဲ့အချစ်ခံလူတန်းစား)Where stories live. Discover now