part8 (uni/zg)

4.8K 304 12
                                    

Uni

သူရိန်လည်းမနက်ရောက်တော့ကိုကို့အားဖုန်းဆက်လိုက်သည်။

”ကလင် ကလင်~~~”ရှိန်လေးလည်းအိပ်နေတုန်းဖုန်းလာတာကြောင့် contact name ကိုကြည့်လိုက်တော့လောရှည်ကောင်ဆိုတဲ့နာမည်ကြောင့် ကိုင်လိုက်သည်

”ဟယ်လို ceo”

”အင်း ကိုကို morning မထသေးဘူးလား”

”ဟုတ်တယ် အိပ်တုန်း အလုပ်လာခိုင်းမလို့လား မလာဘူးနော်မင်းဘဲမလာခိုင်းတာ စကားကိုနှစ်ခွပြောဖို့မစဥ်းစားနဲ့ ငါအိပ်ရေးမဝသေးဘူးပြီးတော့မင်းလုပ်လိုက်တာလည်းမကောင်းသေးဘူးနော်”

”အင်းပါ ကိုကိုရယ်မလာခိုင်းပါဘူး အရမ်းမအိပ်နဲ့နေမကောင်းဖြစ်ဦးမယ် ကိုယ်ညနေရုံးဆင်းရင်လာခဲ့မယ် ဘာစားချင်လဲ ဝယ်ခဲ့ပေးမယ် ”

”​ဝယ်ချင်တယ်ဆိုလည်းဝယ်ခဲ့ပေါ့ ပြီးတော့ငါအိမ်ကိုဝင်ချင်တိုင်းဝင်ထွက်ချင်တိုင်းထွက်မနေနဲ့”

”ကိုကိုကလည်း ကိုယ်ကဝင်ချင်တိုင်းဝင်နေတာမဟုတ်ဘူးနော် ကိုကိုရဲ့ အနာဂတ်သတို့သားလောင်း ကိုကို့မိဘတွေရဲ့အနာဂတ်သမတ်လောင်းနော်”

”အမလေး မဆိုင်တာလာပြောမနေနဲ့ ငါတောင်အဖြေမပေးရသေးဘူး ”

”ကိုကို စားပြီးနားမလည်လာမလုပ်နဲ့နော် မနေ့ညကကိုယ့်ရဲ့first kiss ကိုယူသွားတယ်လေ”

”အပိုမလုပ်နဲ့ ဘယ်သူကယူသွားတာလဲ တော်ပြီတော်ပြီ အိပ်တော့မယ် မင်းလည်းအလုပ်သွားတော့ လောရှည်ကောင် အော် မုန်မနေ့နဲ့နော် bubble tea နဲ့ pizza ဝယ်လာပေး” ဆိုပြီးအရင်ဖုန်းချလိုက်တယ်

”အင်း” အင်းလို့ပဲပြောရသေးတယ်ဖုန်းချသွားလေပြီသူရိန်လည်းပြန်မဆကိတော့ဘဲ အလုပ်သာသွားလိုက်ပြီး ညနေမြန်မြနိရောက်ဖို့ဆုတောင်းလိုက်သည်

----------------------
Time skip~~~~ညနေရောက်သော်

သူရိန်လည်းညနေရောက်တော့မုန်တွေကို ကိုကို့မိဘတွေအတွက်ပါဝယ်ပြီးကိုကိုအိမ်သို့သွားလိုက်သည်

”တီ တီ”ဒေါ်မေလင်းတစ်ယောက်ကားဟွန်းတီးသံကြားတာကြောင့်သွားဖွင့်လိုက်တော့ သူရိနိဖြစ်နေတယ်

မောင့်ရဲ့အချစ်ခံလူတန်းစား(မောင့်ရဲ့အချစ်ခံလူတန်းစား)Where stories live. Discover now