Uni
ဘာလိုလိုနဲ့အချိန်ကစနေနေ့သို့ပြန်ေရာက်လာလေပြီ။ပြီးခဲ့တဲ့ရုံးဖွင့်ရက်ငါးရက်လုံးကသူရိန်သည်ရှိန်လေးအားရုံးအသွားအပြန်အကြိုအပို့လုပ်ပေးသည်။ပြီးလျှင်ရုံးအပြန်တွင်သူ၏ကိုကိုအကြိုက်များကိုတကူးတကလိုက်ကျွေးပြီး မထိသထိစကားများနှင့်လည်းရှိန့်အားရင်ခုန်အောင်လုပ်တက်သည်။ထိုအရာများကြောင့်ရှိန်လေးလည်းမနက်ဖြန်ရုံးပိတ်ရက်တွင် သူရိန့်အားသူနှင့်အတူတူထွက်လည်ရန်ခေါ်ရန်ပြောဖို့စဉ်းစားထားလေသည်။အဖြေကတော့ အဆင်ပြေတဲ့အချိန်ပြောရန် လောနေမိသည်။မနက်ဖြန်တွက်ကတော့ရင်ခုန်စရာကောင်းသား....................ရှိန်လေးလည်းရေချိုးပြီး အကျီနက်ပြာရောင်နှင်အောက်ကဂျင်းအပြာလေးနဲ့တွဲဖက်ဝတ်ဆင်လိုက်ပြီးမျက်နှာတွင်တိုနာအနည်းငယ်လိမ်းလိုက်သည်။ပြီးနောက်အောက်ဆင်းပြီးမုန့်စား၍ ceo အားစောင့်နေလိုက်သည်။
တစ်ဖက်တွင်သူရိန်လည်းပြင်ဆင်၍မုန့်စားပြီး ကိုကို့အားကြိုရန်ထွက်လာခဲ့သည်။မထွက်ခင်တောင်မာမီကမနက်စာဝိုင်းတွင် ဘယ်တော့စားရတော့မှာလဲဟုမေးတာကြောင့် ပြုံးပဲပြုံးပြခဲ့သည်။ ကြားထဲတွင်လည်း fujoshiခခမိုးလည်းရုံးလိုက်လာ၍ကိုကို့အားရအောင်မိတ်ဆက်သွားသေးသည်။ထို့နောက်ကျွန်တော့အားမြန်မြန်အဖြေပေးရန်လည်းဟိုနားကိုင်ဒီနားကိုင်ဖြင့်တိုက်တွန်းသွားသေးသည်။ကျန်တာမကြည်သော်လည်းထိုသို့တိုက်တွန်းသွားတာကြောင့်နည်းနည်းလေးတော့အမြင်ကြည်လာသည်။မကြည်ဘူးဆိုတာကလည်းသူ့ကိုကိုအားဟိုနားကိုင်ဒီနားကိုင်တာကြောင့်ပင်ဖြစ်သည်။
ကိုကို့အားအတင်းကြပ်ရယူလျှင်ဖြစ်သော်လညိး မိမိသည်အလွန်တန်ဖိုးထားသည်ကြောင့် မထိရက်မကိုင်ရက်သလို အတင်းအကြပ်လည်းမလုပ်ချင်ပါ။ကိုကို့ စိတ်ရင်းအမှန်ဖြင့်ချစ်တယ်ဆိုတဲ့အဖြေပဲကြားချင်တာကြောင့်ဖြစ်သည်။ကိုကို့အိမ်ရှေ့ပင်ရောက်လာတာကြောင့်ဖုန်းဆက်၍ထွက်လာခဲ့ခိုင်းလိုက်သည်။ရှိန်လေးလည်းceo သည်ရောက်ပြီဖြစ်ကြောင်းဖုန်းခေါ်ဆိုတာကြောင့်မေမေတို့အားနှုတ်ဆက်ပြီးထွက်လာခဲ့သည်။ရှိန်လေးထွက်လာသောအခါ ceo သည် ကားတံခါးဘေးတွင်ရပ်ပြီး မိမိအားပြုံး၍တံခါးအားအသင့်ဖွင့်ပြီးစောင့်ကြိုနေသည်။ဤသည် မိမိအားလာကြိုသည့်နေ့ကပင်စ၍လုပ်ဆောင်ပေးနေသောအရာဖြစ်ရာ မိမိအားအချစ်လည်းပိုစေသည်။ထို့ကြောင့်မြန်မြန်ကားပေါ်တက်ပြီး ceo ဝင်လာကိုစောင့်နေသည်။

أنت تقرأ
မောင့်ရဲ့အချစ်ခံလူတန်းစား(ေမာင့္ရဲ႕အခ်စ္ခံလူတန္းစား)
عاطفيةMarried life လေးပါ ပထမဆုံးbl oc ဖြစ်လို့မကောင်းတာရှိရင်ပြောပေးကြပါ Start date -11.23.2020 End date-----?