part11 (uni/zg)

4.1K 251 3
                                    

Uni

ရှိန်တစ်ယောက်ဒီနေ့ဟာမောင်နဲ့ရည်းစားဖြစ်တာဒုတိယမြောက်နေ့ဖြစ်တာကြောင့်မောင့်အားနေ့လည်စာချက်ကျွေးရန်မနက်၅နာရီထဲကထ၍ပြင်ဆင်နေသည်။ရုံးဖွင့်ရက်လည်းဖြစ်တာကြောင့် ဟင်း၃မျိုးလောက်ပဲချက်ဖြစ်တယ်။သူကျန်တာမရတာ ဟင်းချက်တာနှင့်ကားမောင်းတာတော့တက်သည်။ဟင်းချက်ပြီးတော့ဗူးထဲတစ်ခါထဲထည့်၍ထမင်းချ်ုင့်အိတ်ထဲထည့်လ်ုက်သည်။အချိန်ကြည့်တော့၆ခွဲကျော်ပြီမို့အပေါ်တက်ပြီးရေမိုးချိိုးပြီး ပြင်ဆင်၍ယူစရာရှိတာယူပြီးအောက်ဆင်းလာခဲ့သည်။အောက်ရောက်တော့မေမေတို့ကအစောကြီးနိုးလို့ထင်ပါရဲ့ ခုံမှာဝင်ထိုင်လိုက်တော့

"အမလေး ထူးထူးဆန်းဆန်းအစောကြီးနိုးနေတယ် အခုမှ၇ခွဲပဲရှိသေးတယ်"မေမေပြောတော့ကျနိနှစ်ယောက်ကပါ သိချင်စိတ်နဲ့ကျွန်တော့ကိုကြည့်နေတာကြောင့်ရီပြလိုက်ပြီး

"ဟီးး ဟုတ်တယ် မောင့်အတွက်ထမင်းချိုင့်ထထထည့်တာ"

"မွှေးရကျိုးနပ်တဲ့သား အမေကိုကြတော့တစ်ခါပဲလားမသိဘူးချက်ကျွေးတာ အဲ့တာတောက်မနည်းပြောရလို့ အခုလင်ကိုလည်းကြကောမနက်အစောကြီးတောင်ထပြီးချက်ရတယ်"

"မဟုတ်ပါဘူး မေမေရယ် စိတ်မဆိုးပါနဲ့ သားကသားလက်ရာစားစေချင်လို့ပါ မေမေတို့ကတစ်ခါကြီးများတောင်စားပြီးပြီလေ စိတ်မဆိုးနဲ့နော်လို့ နော်"

"အေ လုပ်ပါမင်းတိူ့ခေတ်ပဲ"မေမေအပြောကြောင့်ကျွန်တော်တို့ရီလိုက်တော့အကုန်လုံးထံသို့မျက်စောင်းများကျရောက်လာသည်။ပြီးနောက်မနက်စာစားခြင်းအမှုကိုလုပ်ဆောက်ကြသည်။ဖေဖေလည်းသူ၏အလုပ်သို့ထွက်သွားသည်။မေမေနှင့်မမလည်းနေ့လည်ထမင်းဟင်းချက်ရန်မီးဖိုခန်းသို့ဝင်သွားသည်။သို့ကြောင့်ကျွန်တော့ထမင်းအိတ်နှင့်ယူစရာရှိတာများယူ၍ခြံထဲကဒန်းပေါ်တွင်ထိုင်စောင့်နေလိုက်သည်။

သူရိန်လည်းအိပ်ယာနိုးတော့ပြင်ဆင်စရာရှိတာပြင်ဆင်၍မုန့်စားပြီး၈ခွဲလောက်ချစ်အားသွားခေါ်ရန်ထွက်လာခဲ့သည်။ချစ်အိမ်နားရောက်တော့ခြံထဲတွင်ထိုင်နေတာမြင်တာကြောင့်ဖုန်းမဆက်တော့ဘဲဟွန်းတီးလိုက်သည်။

မောင့်ရဲ့အချစ်ခံလူတန်းစား(မောင့်ရဲ့အချစ်ခံလူတန်းစား)Where stories live. Discover now