Uni
အခန်းတစ်ခန်းထဲတွင်အိပ်နေသောကောင်လေး၂ယောက်ထံ လိုက်ကာကြားမှနေရောင်သည်ထိုးဖောက်၍ဖြာကျနေသည်။သူရိန်တစ်ယောက်နေရောင်၏ထိတွေ့မှုကြောင့်နှိုးလာပြီးသူ့ရင်ခွင်ထဲသို့ပိုတိုးဝင်လာသော အနွေးလုံးလေးကြောင့်ပြုံးမိသည်။ ကိုကို့ကိုနေရောင်ထိုးနေတာကြောင့်နိုးသွားမှာဆိုးလို လိုက်ကာကိုပြန်ပိတ်၍ ကုတင်ပေါ်ပြန်တက်ပြီး ကို့ကို့အားရင်ခွင်ထဲြပန်ဖက်လိုက်သည်။ငြိမ်းချမ်းစွာသူ့ရင်ခွင်ထဲပြန်တိုးပြီးအိပ်နေတဲ့ကိုကို့မျက်နှာကိုကြည့်ပြီး သူနှင့်စတွေ့ခဲ့သောအချိန်ဆီသို့
Past ( အတိတ်ကာလ)
Rain Company ၏Ceoခန်းတွင်
ဒီနေ့ သူရိန်တစ်ယောက်ကုမ္ပဏီသို့ဖေဖေ့၏သူငယ်ငယ်ချင်းဉီးခရှိန်သည် သူ၏သားဖြစ်သူကိုကျွန်တော့ထံတွင် အလုပ်သင်လုပ်ခိုင်းရန် ကိုယ်တိုင်လာရောက်အပ်နှံမှာဖြစ်ကြောင်း ဖေ့ဖေ့၏မှာကြားမှုကြောင့်စောင့်နေလိုက်သည်။၁၀နာရီလောက်လာမည်ဟုဖေဖေကပြောထားသော်လည်း ၁၀နာရီပင်ကျော်နေပြီ အဘယ်ကြောက့်ခုချိန်ထိမရောက်သနည်း စီးပွားရေးတွင်အများနှင့်ပက်သက်ရတာကြောင့်အချိန်ဆိုတိကျမှပင် ကြိုက်သည် ကိုယ်ကိုယ်တိုင်လည်းအချိန်တိကျသည် မည်သည့်အခါမှနောက်ကျခြင်းမရှိ အခုက၁၀နာရီပင်ကျော်လွန်လို့ မိနစ်၃၀ပင်စွန်းနေပြီဖြစ်တာကြောင့်စိတ်ကမကြည်တော့ပင်
”ဒေါက် ဒေါက်~~~~”တွေးနေရာမှတံခါးခေါက်သံကြားတာကြောင့်ဝင်ခိုင်းလိုက်သည်”ဝင်လာခဲ့ ”လို့ပြောလိုက်တော့အတွင်းရေးမှုးမအေမီဖြစ်နေသည်
”Ceo အပြင်မှာ Min groupက ceo နဲ့သူ့သားရောက်နေပါတယ် ” မအေမီပြောတာကြောင့်ဖေဖေ့သူငယ်ချင်းရောက်ပြီဖြစ်ကြောင်းသိလိုက်သည်
”ဝင်လာခဲ့ခိုင်းလိုက် မအေမီ ဧည့်သည်အတွက် အပူအအေး တစ်ခုခုစီစဥ်ပေးပါဉီး”
”ဟုတ်ကဲ့ Ceo” မအေမီထွကိသွားပြီးခဏအကြာ ဖေ့ဖေ့သူငယ်ချင်းနှင့်သူ့သားဝင်လာတဲ့အသံကြောင့်မော့ကြည့်လိုက်တော့ ဉီးခရှိန်၏နောက်တွင် မျက်နှာကိုဆူပုတ်ထားပြီး hoddieအဖြူရောင်ကိုဂျင်းပန်လေးနဲ့လိုက်ဖက်စွာဝတ်ဆင်ထားသောကောင်လေးတစ်ယောက်လိုက်ဝင်လာလေသည်။အသားကလည်းဖြူစွတ်နေပြီး ဆံပင်ကိုလည်းတစ်ခေါင်လုံးအဖြူဆိုထားသောကြောင့် ချစိစရာကောင်းသောမျက်နှာမှာ ပို၍ပေါ်လွင်နေသည်။ ချစ်စရာကောင်းသောပုံရိပ်ကြောင့် ကျောင်းတက်နေစဥ် ဘေးတွင်ပျိုမဒီ ဝိုင်းနေတာတောင်မှရင်မခုန်ခဲ့သော ကျောက်ချသကဲ့သို့မာကျောသည့်နှလုံးသားသည် ရင်ခုန်မြန်လာခဲ့သည် အစကအချိန်နောက်ကျလို့စိတ်တိုနေရာမှ ပျော်ရွှင်မှုနှင့်ရင်ခုန်သံများအစားထိုးဝင်ရောက်လာသည်

YOU ARE READING
မောင့်ရဲ့အချစ်ခံလူတန်းစား(ေမာင့္ရဲ႕အခ်စ္ခံလူတန္းစား)
RomanceMarried life လေးပါ ပထမဆုံးbl oc ဖြစ်လို့မကောင်းတာရှိရင်ပြောပေးကြပါ Start date -11.23.2020 End date-----?