part3 (uni/ zg)🚫🚫

11.8K 444 5
                                    

Uni

ကိုကိုနဲ့အတူ ထမင်းစားပြီးတော့လမ်းမလျှောက်နိုင်တော့ဘူးဆ်ုတဲ့ကိုကို့အပြောကြောင့်ပွေ့ချီပြီးခေါ်လာခဲ့ရတယ်။ အဆိုးလေးကတော့ရင်ခွင်ထဲမှာမှိန်းနေတယ် အိပ်ချင်နေလို့ထင်ပါရဲ့ အခန်းထဲဝင်ပြီး ကုတင်ပေါ်၍ချပေးလိုက်၍ အစာမကြေမှာဆိုးလို့ ဆေးတိုက်ဖို့လုပ်ရတယ်

”ကိုကို” သူရိန်ခေါ်လိုက်တော့

”အင်း”တိုးတိုးလေးတာပြန်ထူးတယ်

”ထပါဦး ဆေးသောက်ရအောင် အစာမကြေဖြစ်လိမ့်မယ်” ပြောလိုက်တော့ထလာတယ်

”ပေးပေး သောက်မယ်ခါးပါတယ်ဆိုမှ မောင့်ကိုချစ်လို့နော်”တဲ့ ကဲဘယ်လောက်လိမ်မာလိုက်လဲ
​ကြည့်

”ဟုတ်ပါပြီဗျာ ရော့သောက်လိုက်ဦး”ဆေးသောက်ပြီးတော့ ကုတင်ပေါ်မှာပြန်မှိန်းနေလေရဲ့ကျွန်တော်လည်းသူ့ဘေးသွားပြီးတော့သူ့ခေါင်းလေးကိုလက်မောင်းပေါ်ပြောင်းတင်ပြီး ရင်ခွင်ထဲထည့်ဖက်ထားလိုက်တယ်
*အမှန်ကကျွန်တော်တို့ရဲ့ အချစ်ညလေးမလား ကိုကို့ဘက်ကအဆင်သင့်မဖြစ်သေးရင် ယူဖို့အစီအစဉ်မရှိပါဘူး ကျွန်တော့်ကိုကျွန်တော်ထက် ကိုကို့ကိုတန်ဖိုးထားတယ် မောင်ကမင်းကိုအရမ်းချစ်ပြီးအရမ်းတန်ဖိုးထားတယ် ကိုကို* စဥ်းစားရင်းမှအဆိုးလေးနဖူးလေးကိုတစ်ချက်ဖိကပ်ပြီးနမ်းလိုက်ပြီးပြန်ဖက်ပြီးမှိန်းနေလိုက်တယ်

ရှိန်လေးတစ်ယောက်မောင်ကနဖူးကိုနမ်းပြီးပြန်မှိန်းနေလို့ စိတ်ထဲဝမ်းနည်းသွားတယ် ကျွန်တော်တို့ရဲ့ မဂ်လာဦးညလေ ဘာမှမလုပ်ဘဲငြိမ်နေလို့ ညနေက ကိစ္စ ကိုပြန်စဥ်းစားမိသွားတယ်

*ငါကမိန်းမတစ်ယောက်လိုသာယာမှာမပေးနိုင်လို့မောင်မယူတာလား* တွေးနေရင်း မျက်ရည်ကျနေရာမှ အသံထွက်မိသွားတယ်

”ဟင့် အင့်”သူရိန်တစ်ယောက်မှိန်းနေရာမှငိုသံ ကြားလို့ ငုံ့ကြည့်လိုက်တော့ ကိုကိုတစ်ယောက်ကျွန်တော်မသိအောင် ကြိတ်ငိုနေတယ် ခေါင်းနပန်းကြီးသွားတာပဲ

”ကို..ကိုကို ဘာဖြစ်တာလဲ ကိုယ့်ကိုကြည့်ပါအုံး”

စဥ်းစားရင်းကြိတ်ငိုနေရာမှ မောင့်စိုးရိမ်စွာခေါ်တဲ့အသံကြောင့် မောင့်ရင်ခွင်ထဲပိုတိုးဝင်လိုက်ပြီးပိုငိုချင်လာသည်

မောင့်ရဲ့အချစ်ခံလူတန်းစား(မောင့်ရဲ့အချစ်ခံလူတန်းစား)Where stories live. Discover now